အခန်း (၁၁)

2.2K 300 30
                                    

ရှောင်းမီတစ်ယောက် ယန်ယန်ရဲ့အိမ်ရှေ့တွင် ရပ်နေဆဲ။ တံခါးဖြေးညှင်းစွာ ပွင့်လာသည့်အချိိန်ထိ သူ တံခါးဆက်ခေါက်နေလိုက်သည်။

အ၀တ်အစားများ လျော့ရဲရဲ၀တ်ဆင်ထားကာ အခုလေးတင်မှ အိပ်ရာနိုးလာသည့်မျက်နှာဖြင့် ယန်ယန်ကို ရှောင်းမီတွေ့လိုက်ရပေ၏။ ယန်ယန်ရဲ့ဒီလိုဘက်ခြမ်းကို ရှောင်းမီအရင်က တစ်ခါမှ မတွေ့ဖူးပေ။ မင်းအနေနဲ့ သူ့ကို အဲ့လိုပုံစံမျိုး ပထမဆုံးမြင်လိုက်ရတဲ့အခါမှာ သူအရမ်းကိုမှ ချောလိုက်တာလို့ခံစားရမယ်၊ ပြီးတော့ မင်းသူ့ကို ထပ်မြင်ရလေ သူပိုပြီးချောလာလေလေ၊ မင်းအဲ့ထက် ထပ်ကြာကြာမြင်လေ ပိုပိုပြီးစောက်ရမ်းချောလာလေလေ!

ယန်ယန်က ရှောင်းမီဖြစ်နေမှန်း တွေ့သွားတဲ့အခါ သူ့မျက်နှာအမူအရာက ချက်ချင်းလက်ငင်းပြောင်းလဲသွားပြီး တံခါးကို ပိတ်ပစ်လိုက်ချင်ခဲ့၏။ ရှောင်းမီတံခါးဘောင်ကို မရမက ဆွဲကုတ်ဖက်တွယ်ထားလိုက်ပြီး သူဒီလာရာလမ်း‌တစ်လျှောက်မှာ ပြောဖို့ ပြင်ဆင်ထားခဲ့တဲ့ စကားတွေကလည်း အခု အကုန်ရောသမမွှေဖြစ်ကုန်လျက်။

"ငါ...အဲ့ဒါ...အချစ်ကိုက်ရာ...သ၀န်တိုတယ်...ငါ့ဘာသာငါလုပ်ခဲ့တာ...ငါတောင်းပန်ပါတယ် တောင်းပန်ပါတယ်နော် ငါသေသင့်ပါတယ်!"

ယန်ယန်ထိုစကားများဟာ ယုတ္တိရှိကြောင်း နားလည်နိုင်ပေသည်။ သို့ပေမယ့်လည်း သူ့မျက်နှာထားက အရင်လို အေးတိအေးစက်ဖြစ်နေဆဲ။

"အရင်၀င်လာပြီးမှ ပြော"

ရှောင်းမီအမှားလုပ်ထားမိတဲ့ ကလေးတစ်ယောက်လိုမျိုး ခပ်ကုတ်ကုတ်ဖြင့် ယန်ယန်အနောက်မှ ဧည့်ခန်း‌ဆီသို့ လိုက်၀င်သွားလိုက်သည်။ သူ‌ဆိုဖာပေါ်၀င်ထိုင်ပြီး ခေါင်းငိုက်စိုက်ကျလျက်။ ဖြည်းဖြည်းချင်း ရှောင်းမီအရာအားလုံးကို ရှင်းပြလိုက်သည်။ အပြီးမှာတော့ သူ ယန်ယန်ကို ၀မ်းနည်းပက်လက်ဖြစ်နေတဲ့ ပါပီမျက်လုံးရွဲကြီးများဖြင့် ကြည့်လိုက်မိ၏။

"ကောင်းတယ်၊ စုရှောင်းမီ! မင်းမှာ အဲ့လို ထူးချွန်တဲ့ ရုပ်ရှင်ဒါရိုက်တာဖြစ်မယ့် စွမ်းရည်မျိုးရှိနေလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မထင်ထားခဲ့ဘူး! ကိစ္စသေးသေးလေးကို မင်းက ပုံကြီးချဲ့ပြီး ကြီးကျယ်ခမ်းနားတဲ့ ဒရမ်မာဖြစ်အောင် လုပ်လိုက်တယ်ပေါ့လေ!" ယန်ယန်တွေးတောမိရလျက်၊ ဒီကောင်စုတ်လေး! ငါ့မှာတော့ သူ့အဖိုးတန်လေးဆိုတဲ့ ဒေါ်လာ၁၀၀ကို ကြင်နာထောက်ထားပြီး ရှာပေးခဲ့တာကနေ ကိစ္စတွေက ဒီအထိတောင် ဖြစ်သွားတယ်ပေါ့လေ!

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now