အခန်း (၅၁)

1.4K 190 36
                                    

ရှောင်းမီတစ်ယောက် မနက်အစောကြီးတွင် ယန်ယန်ကိုယ်ပေါ် တက်ဖိကာ ယန်ယန် မနိုးမချင်း လူးလိမ့်နေသည်။ ယန်ယန် မျက်လုံးဖွင့်လိုက်တဲ့အခါ ရှောင်းမီလေးမှာ အပြုံးကြီးကြီးဖြင့် ပြုံးပြနေတာကို မြင်လိုက်ရ၏။

"ယန်~ မယ်ရီခရစ္စမတ်ပါ!"

ထို့နောက် ပါးနှစ်ဖက်နီရဲတွတ်စွာဖြင့် ယန်ယန်ရဲ့နှုတ်ခမ်းကို အသာ ငုံ့နမ်းလိုက်ပြီး ရှက်ရွံ့တကြီးနဲ့ အခန်းအပြင်သို့ ချက်ချင်း ထပြေးထွက်သွားသည်။

"ငါ ငါ မင်းအတွက် မနက်စာလုပ်ပေးမယ်နော်!"

ယန်ယန် အိပ်ယာပေါ် ထထိုင်လိုက်ကာ "သူ ဘာကိစ္စ အဲ့လောက် အရှက်သည်းနေရတာလဲ?"

အခန်းအပြင်သို့ ထွက်လာတဲ့အခါမှာတော့ ဧည့်ခန်းတစ်ခုလုံး ရောင်စုံမီးလုံးများနှင့် ဖဲကြိုးများဖြင့် အလှဆင်ထားပြီး ကြောင်တောင်တောင်နဲ့ ထူးဆန်းတဲ့ အဆင်တန်ဆာများ ပြည့်နှက်နေ၏။ "Jingle Bells" သီချင်းသံလေးမှာ လွှင့်ပျံ့နေလျက် မီးဖိုချောင်ထဲ ရှောင်းမီက တခစ်ခစ်ရယ်ကာ အနောက်မှ လိုက်ဆိုညည်းနေသည်။ ရှောင်းမီ နားသို့ ယန်ယန် လျှောက်သွားလိုက်ကာ

"ဘာတွေ ဒီလောက်ပျော်နေရတာလဲ?"

"မင်းရော မပျော်ဘူးလား? ခရစ္စမတ်မှာ ဘယ်သူကမှ ၀မ်းနည်းနေကြမှာ မဟုတ်ဘူး" ခရစ္စမတ်နေ့မှာ ပျော်ကိုပျော်ရမယ်လို့ ရှောင်းမီ တစ်ထစ်ချ မှတ်ယူထား၏။

"ဒါဘယ်လိုလောဂျစ်မို့လို့လဲ?"

ရှောင်းမီ ခေါင်းငဲ့ကာ မျက်နှာအမူအရာနတ္ထိဖြစ်နေတဲ့ ယန်ယန်ကို စိုက်ကြည့်ပြီး

"လာစမ်းပါ၊ ပြုံးပြပါအုံး"

"ငါ့ကို အရူးလို့ ထင်နေလား?"

"ပြုံးပြရုံလေးပါဟ!"

"ငါ့အတွက် ပျော်စရာဘာမှ ရှိမနေတာ၊ ဘာလို့ ပြုံးရမှာလဲ?"

"ဘာတွေပြောနေတာလဲ၊ ငါက မင်းဘေးမှာ ရှိနေတဲ့ဟာ၊ ပြုံးပြဖို့ မထိုက်တန်ဘူးလားလို့!" ယန်ယန်ရဲ့လည်ပင်းကို ရှောင်းမီ သိုင်းဖက်ကာ ချွဲနေတော့သည်။ ထိုစဉ် တံခါးခေါက်သံကြားလိုက်ရာ ရှောင်းမီ ၀မ်းသာအားရနဲ့ တံခါးပြေးဖွင့်လိုက်၏။ တံခါး၀တွင် ယန်ဟွေးနဲ့လျိုယင်းရှင်းတို့ ချွေးတလုံးလုံးနဲ့ ရပ်နေတာကို တွေ့လိုက်ရသည်။ သူတို့နောက်မှာတော့ ထင်းရှူးပင်ငယ်တစ်ပင်နဲ့ ရှောင်းမီ အရွယ်လောက်ရှိတဲ့ လက်ဆောင်ဘူးကြီးတစ်ခုအပြင် ဘရန်းဒက်အဝတ်အစားအိတ်အချို့လည်း ပါရှိ၏။ နှစ်ယောက်သား အိမ်ထဲသို့ ပစ္စည်းများ ရွှေ့ပြောင်းပြီးတာနဲ့ ဆိုဖာပေါ် အသေကောင်လို ပစ်လဲကျသွားကာ "ယန်! မင်း ငါတို့အပေါ် ထပ်ပြီး မနှိပ်စက်ပါနဲ့တော့ကွာ"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now