အခန်း (၁၄)

1.9K 246 17
                                    

ညစာစားပြီးသွားကြတော့ ယန်ယန်က ရှောင်းမီကို 'V'လို့ခေါ်တဲ့ နေရာဆီ ခေါ်သွားလေသည်။ အဲ့ဒီဘိလက်ယက်ရုံ ၀င်ပေါက်က အတော်အတန်ကြီးပုံရတာကို ရှောင်းမီ သတိပြုမိ၏။ အတွင်းသို့ရောက်တဲ့အခါ အဟုတ်ကို လူအများအပြားရှိနေကြတာကို သဘောပေါက်သွားရသည်။

စားပွဲများစီရီထားပုံမှာ အလွန်နေရာကျပေသည်။ စားပွဲတိုင်းတွင် အပေါ်ဘက်၌ မီးအိမ်ခပ်ကြီးကြီးတစ်ခုရှိပြီး အနောက်ဘက်မှာတော့ ဝိုင်ဘားရှည်ကြီးရှိပေ၏။ အဲ့ဒီအပေါ်မှာ ဝိုင်အမျိုးအစားစုံလင်စွာ ခင်းကျင်းထားလျက်။ ဘားတွင် အလုပ်လုပ်နေတဲ့ အရက်စပ်‌အဖျော်ဆရာ ၅ယောက်ရှိပေသည်။ အရမ်းကိုမှ စတိုင်ကျပေ၏။ ယူနီဖောင်းကို သေသပ်စွာ၀တ်ဆင်ထားတဲ့ လူတစ်ယောက်က ယန်ယန်ကို မှတ်မိသွားပုံရသည်။

ထိုသူက သူတို့ကို ဗွီအိုင်ပီအခန်းတစ်ခန်းဆီသို့ လမ်းပြခေါ်ဆောင်သွား၏။ ထို့နောက် ထိုလူ ထွက်သွားလေသည်။

တံခါးဖွင့်လိုက်တာနဲ့ အခန်းဘယ်လောက်တောင်မှ ကြီးမားလဲဆိုတာ မြင်နိုင်ပေ၏။ အလယ်တွင် ဘိလိယက်ခုံတစ်ခုံရှိတဲ့အပြင် ဆိုဖာ၊ တီဗီ၊ ဘားတစ်ခုလည်းထပ်ရှိသေးကာ အဲ့အထဲမှာ ရှိသေးတဲ့ အရာတွေကို မင်းအနေနဲ့ အတိအကျပြောလို့ မတတ်လောက်တော့တဲ့အထိပင်။ ဆိုဖာပေါ်မှာ ထိုင်နေတဲ့ ရင်သားကြီးကြီးနဲ့ ကောင်မလေး လေးယောက်လည်း ရှိသေးပေ၏။ ဘိလက်ယက်ခုံနံဘေးနားမှာ ကောင်လေးနှစ်ယောက် ရပ်နေလျက်။ သူတို့က ယန်ယန်ထက် အရပ်နည်းနည်းပိုပုသည်။ သူတို့ရဲ့ရုပ်ရည်အသွင်အပြင်ကလည်း ယန်ယန်ထက် မဆိုစလောက်လေး ချောမောမှု လျော့၏။ အနည်းဆုံးတော့ ဒါ ရှောင်းမီရဲ့ထင်မြင်ချက်ပေါ့။

ထိုကောင်လေးနှစ်ယောက်ကလည်း ယန်ယန်၀င်လာတာကို တွေ့ရပေ၏။ ဆိုဖာပေါ်တွင် ထိုင်နေတဲ့ကောင်မလေးနှစ်ယောက်က ရှောင်းမီကို အမြန်တွန်းထုတ်ပစ်လိုက်ကာ ယန်ယန်အနားမှာ လာရပ်လိုက်သည်။ သူတို့ရဲ့ရင်မွှာနှစ်စုံဖြင့် ယန်ယန်ရဲ့ လက်မောင်းကို ပွတ်တိုက်နေလိုက်ကြလျက်...

"ယန်ယန်၊ ရှင် မလာတာကြာပြီနော်၊ တို့ကို မလွမ်းဘူးလားဟင်?" ကောင်မလေးတစ်ယောက်က စကားအစချီလိုက်၏။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now