အခန်း (၄၃)

1.3K 174 29
                                    

ရှောင်းမီ အတန်းထဲမှာ ထိုင်နေရင်း အတွေးကမ္ဘာထဲ ရောက်ရှိနေလျက်။ ​​ဒီကျန်းချွီလုဆိုတဲ့လူက ယန်ဟွေးနဲ့လျိုယင်းရှင်းကို ပစ်မှတ်ထားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဘူးပေ။ တစ်နေ့ သူ့ဘက်ကိုလည်း မြှားဦးလှည့်ရင်လှည့်လာမှာ... ရှောင်းမီ စဉ်းစားရင်းစဉ်းစားရင်းနဲ့ နည်းနည်းကြောက်လာမိ၏။ အတန်းချိန်သုံးချိန်မြောက်နဲ့ လေးချိန်မြောက်ကြား နေ့လည် ထမင်းစားဆင်းချိန်မှာ သူ ယန်ယန်ဆီသို့ ဖုန်းခေါ်လိုက်လေသည်။

"ဘာလဲ?"

"ယန်~ ရှောင်လင်ဘုရားကျောင်းကနေ ငါ့ကို ကာကွယ်ပေးဖို့ ကိုယ်ရံတော်နှစ်ယောက်လောက် ငှားမလို့ ပိုက်ဆံနည်းနည်းလောက်သုံးပေးမှာလားဟင်?"

"မင်းကိုလာရိုက်ဖို့ ရှောင်လင်ကျောင်းက လူနှစ်ယောက်ကို ငါပိုက်ဆံပေးငှားလိုက်ပြီးပြီဆိုတာ မင်း ယုံချင်ယုံ မယုံချင်နေ" ထို့နောက် ယန်ယန် ဖုန်းကို ချပစ်လိုက်တော့၏။

ရှောင်းမီ ဖုန်းကို စိုက်ကြည့်ကာ တစ်ဖက်မှ အကြင်နာမဲ့ နှလုံးသားမရှိလွန်းတဲ့လူကြီး ယန်ယန်ကို ဆူပူကြိမ်းမောင်းနေတော့သည်။

ကောင်းပြီ... အခြားသူတွေကို အားကိုးနေမဲ့အစား ကိုယ့်အားကိုယ်ကိုး ပုဆိန်ရိုး လုပ်တာပဲ့ ပိုကောင်းပါတယ်လေ။ ပြီးနောက် ရှောင်းမီ ဆိုင်တစ်ဆိုင်သို့ အပြေးအလွှား၀င်သွားကာ ငရုတ်ကောင်းမှုန့်စပရေးဘူးတစ်ဘူး၊ သစ်သီးလှီးတဲ့ဓားတစ်ချောင်း၊ သံ၊ တူ၊ လက်ဝါးကပ်တိုင်နဲ့ နံချပ်ကူတစ်ချောင်းပါ ၀ယ်လိုက်သေး၏။ ပြီးနောက် သစ်သီးဆိုင်တန်းသို့ တစ်ခါသွားကာ ကြက်သွန်ဖြူနှစ်လုံး ၀ယ်လိုက်သည်။ ထိုအခါမှ သူ့ကိုယ်သူ အရမ်း လုံခြုံ‌သွားပြီလို့ ခံစားရကာ စိတ်ချလက်ချနဲ့ နေ့လည်ပိုင်းအတန်းချိန်များ ပြန်သွားတက်တော့၏။ [T/N: နံချပ်ကူပုံ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်]

ရှောင်းမီ အိမ်ပြန်တော့လည်း သူ့လွယ်အိတ်ကို ရှေ့ရင်ဘတ်မှာ ကပ်ကာ လွယ်ထားသည်။ သူ့လက်တစ်ဖက်ကမူ အိတ်ထဲမှာ ရှိနေတဲ့တူကို အသင့်အနေအထားဖြင့် ကိုင်ထားလျက်။ အိမ်အပြန်လမ်းမှာ ဘယ်ကြည့်ညာကြည့်ဖြင့် သတိတကြီးထားနေတော့၏။ သို့ပေမယ့်လည်း သူ အိမ်အပြန်လမ်းတစ်လျှောက်လုံး လူထူးလူဆန်းတစ်ဦးတစ်ယောက်ကိုမျှ နဖူးတွေ့ဒူးတွေ့ကြုံရခြင်း မရှိပါချေ။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now