အခန်း (၃၄)

1.4K 190 20
                                    

ရှောင်းမီ အတန်းသွားမတက်တာ ၃ ရက်ရှိပြီဖြစ်သည်။ နေ့တိုင်း တစ်နေကုန် အခန်းတွင်းအောင်းပြီး အပြင် လုံး၀ ထွက်မလာပေ။ ဘယ်‌သူ လာခေါ်ခေါ် တံခါးလည်း ဖွင့်မပေးချေ။ နောက်ဆုံး သူ့အမေမှာ စိတ်ပူလာရကာ လုယီယီကို ဆွဲခေါ်မေးတော့လေ၏။

"ယီယီ! ရှောင်းမီတစ်ယောက် ဘာတွေဖြစ်နေတာလဲဆိုတာ သမီးသိလားဟင်? နေ့တိုင်း အခန်းထဲမှာ လော့ချပြီး နေနေတယ်၊ သူ့အခန်းမှာ ထမင်းသွားပို့ပေးတော့လည်း နည်းနည်းပဲ စားရှာတယ်၊ အန်တီ စိတ်ပူလို့ သေတော့မယ်"

လုယီယီက ရှောင်းမီအခန်းကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းချကာ "တစ်နေ့ သူဒီအကြောင်း သေချာစဉ်းစားပြီးသွားရင်တော့ ဒီလိုဖြစ်နေတော့မှာ မဟုတ်ဘူး"

လုယီယီစကားက်ို ရှောင်းမီအမေက နားမလည်ဖြစ်သွားပြီး မရေမရာဖြင့် "သူက ဘာကို သေချာစဉ်းစားနေတာလဲ?"

"သူတကယ်လိုချင်တာကိုပေါ့" လုယီယီက ရှောင်းမီအမေကို ဖွဖွပုတ်ပေးလိုက်ရင်း "အန်တီ၊ အရမ်းစိတ်မပူပါနဲ့၊ ဒီကိစ္စကို သမီးလည်း သေချာမသိဘူး၊ အန်တီလည်း ဒါကို ကိုင်တွယ်ဖြေရှင်းနိုင်မှာ မဟုတ်ဘူး၊ သမီးရော ၀င်ပြီး အနှောင့်အယှက်မပေးချင်ဘူး"

အခန်းအပြင်ဘက်တွင် လုယီယီနဲ့သူ့အမေ ပြောနေကြတာကို ရှောင်းမီကြားတော့မှ သူ မျက်လုံးဖွင့်လိုက်ပြီး စဉ်းစားမိသည်။ သူတကယ်လိုချင်တာက လူတိုင်း သူ့ဟာနဲ့သူ အဆင်ပြေသွားကြဖို့ပင်။ ဒါပေမယ့် ဒီဆုံးဖြတ်ချက်က သူ့အတွက် အရမ်းကိုမှ နာကျင်ခံစားရလေ၏။ အခုတော့ ယန်ယန်မှာလည်း ကောင်မလေးရသွားပြီ။ ဒါ သူကိုယ်တိုင် ယန်ယန်ကို အခြားသူတွေဆီ တွန်းထုတ်ပစ်ခဲ့တာလေ။ သို့ပေမယ့်လည်း သူ ယန်ယန်ကို အခြားသူနဲ့ရှိနေပြန်တော့ အပြစ်တင်ချင်ပြန်ပြီ။ ဒါဖြင့် သူ တကယ် ဘာများ ဖြစ်ချင်ရတာလဲ? သူနဲ့လည်း ရှိနေခွင့်မပြုဘူး၊ အခြားသူ‌နဲ့ရှိနေတာကိုလည်း မလိုချင်ပြန်ဘူး။ ပြောရရင် အရမ်း တစ်ကိုယ်ကောင်းဆန်တယ်မလား...။

တကယ်တော့ လုယီယီပြောတာ မှန်သည်ပင်။ သူက ခံနေရတဲ့သူပုံစံမျိုး လုပ်မနေသင့်ဘူး။ သူကသာ ယန်ယန်ကို ရက်ရက်စက်စက် တွန်းထုတ်ပစ်ခဲ့တဲ့လူ။ သူကသာ အပြစ်တင်ခံရမဲ့လူ။ ဒါပေမယ့်လည်း အခုတော့ အရမ်းကို နောက်ကျသွားပြီလေ။ သူ့ကို တစ်စုံတစ်ယောက်က ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now