အခန်း (၂၈)

1.6K 184 12
                                    

စုရှောင်းမီစတိုခန်းကို ဖွင့်ကြည့်လိုက်တော့ ယန်ယန်က သူ့မွေးနေ့တုန်းက ပေးခဲ့တဲ့ နှင်းဆီပန်းတွေ ညှိုးစပြုလာတာကို တွေ့လိုက်ရလေသည်။ သို့သော်လည်း သူ ပန်းတွေကို နှမြောလှသဖြင့် မပစ်ရက်သေးပါချေ။ တောင်ပုံရာပုံလိုဖြစ်နေတဲ့ ချောကလက်များထဲမှ ချောကလက်တောင့်တစ်တောင့်ကို ယူလိုက်ပြီး တံခါးပြန်ပိတ်လိုက်၏။ သူ့ပန်းတိုင်ကတော့ ချောကလက်တွေ ဒိတ်မလွန်ခင် အကုန်လက်စဖြတ်ပစ်ရန်ဖြစ်သည်။

ချောကလက်စားနေရင်း ရှောင်းမီမှန်ရှေ့မှ ဖြတ်သွားလိုက်၏။ ထို့နောက် မှန်ရှေ့ နောက်ပြန်လှည့်လျှောက်လာကာ အရင်မတော်တဆမှုဖြစ်တုန်းက ရခဲ့တဲ့သူ့နဖူးပေါ်မှ ဒဏ်ရာဒဏ်ချက်ကို ကြည့်လိုက်သည်။ အနာမှာ ကျက်လုနီးနီးပင်။ ပြီးနောက် သူ့တီရှပ်ကိုသူ မတင်လိုက်ပြီး ဗိုက်ကိုတစ်ခါ တစ်ချက်ရှိုးလိုက်၏။ သူ့ဗိုက်က အခေါက်ကို ဖျစ်ညှစ်ကြည့်လိုက်သည်။ ရှောင်းမီစိတ်တွေပူလာကာ စာကြည့်ခန်းထဲရှိ ယန်ယန်ကို အပြေးအလွှားသွားရှာတော့လေ၏။

"မင်းပြောကြည့်စမ်း! ငါနည်းနည်း၀လာတာများလား?"

ယန်ယန်က မျက်ခွံလေးအနည်းငယ် ပင့်တင်လိုက်ကာ "ထင်တာပဲ"

အခုများတော့ ရှောင်းမီ ပိုပြီး စိုးရိမ်ရေ ဒီဂရီအမှတ်မြှင့်တက်လာရကာ

"အခုတော့ မင်းက အော်ဂလီဆန်ပြီး စိတ်ပျက်စရာကြီးလို့ ခံစားနေရပြီပေါ့လေ? သေချာပေါက် မင်းငါ့ကို ခုနတုန်းက ကြည့်တောင် မကြည့်လိုက်ဘူး!"

"ငါမင်းကို အရင်က မတွေ့ဖူးတာကျနေတာရော..." ယန်ယန်က ပေါ့ပေါ့ပါးပါးစကားဆိုလာသည်။

"ငါက ဖက်တီးဖြစ်လာပြီ! ဖက်တီးတစ်ယောက်ရဲ့၀မ်းနည်းစရာကောင်းတဲ့ဇာတ်လမ်းက စလာတော့မယ်၊ ပထမဆုံး ရွံရှာစက်ဆုပ်ပြီး စိတ်ပျက်လာမယ်၊ ပြီးတော့ စွန့်ပစ်ခံရမယ်၊ နောက်ဆုံး မီးခြစ်ဆံလေးထွန်း၊ လမ်းပေါ်မှာ နေထိုင်သွားရပြီးတော့ အဲ့နေရာလေးမှာပဲ ကြေကွဲ၀မ်းနည်းဖို့ကောင်းစွာနဲ့ တစ်ကိုယ်တည်း အထီးကျန်သေသွားရတော့မယ်!"

ရှောင်းမီ စားပွဲပေါ်သို့ လုံး၀ ပြိုလဲကျသွားရတော့လေ၏။ ယန်ယန်က စား‌ပွဲပေါ်မှ ရှောင်းမီရဲ့မေးလေးကို ပင့်မတင်လိုက်ကာ

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now