အခန်း (၅၃)

1.4K 186 37
                                    

အချိန်တွေ ကုန်လွန်တာ အရမ်းမြန်ဆန်လွန်းလှချေသည်။ စုရှောင်းမီ နောက်ဆုံး semester စာမေးပွဲ အောင်မြင်ပြီး ရလဒ်များအနေနဲ့ အတော်လေးကျေနပ်စရာကောင်းပေ၏။ အနည်းဆုံးတော့ စာမေးပွဲ မကျဘူးပေါ့။ အခုလက်ရှိ သူ အိပ်ခန်းထဲရပ်လျက် တိတ်ဆိတ်ငြိမ်သက်စွာနဲ့ ပစ္စည်းများ ထုပ်ပိုးသိမ်းဆည်းလို့နေသည်။ တစ်၀က်လောက်ထုပ်ပိုးလို့ပြီးသွားတဲ့အခါမှာတော့ သူ စိတ်ထိန်းမနိုင်တော့ဘဲ ကွန်ပျူတာနဲ့အလုပ်လုပ်နေတဲ့ ယန်ယန်ဆီ ပြေးသွားကာ အနောက်မှ ပွေ့ဖက်လိုက်ပြီး

"ယန်! မင်း ဘာလို့ ငါနဲ့အတူ အိမ်ပြန်မလိုက်တာလဲလို့?"

"ငါအရူးမဟုတ်ဘူး၊ ပစ္စည်းတွေ မြန်မြန်သိမ်း၊ ပြီးရင် မင်းကို အိမ်ပို့ပေးမယ်၊ မင်းဒီကိုရောက်ကတည်းက အိမ်မပြန်ဖြစ်တာကြာပြီမလား၊ နှစ်သစ်ကူးအကြိုနေ့တောင် ရောက်တော့မဲ့ဟာ၊ ဘာလို့ ဒီမှာ နေနေအုံးမှာလဲ?"

"ငါ မင်းကို မထားခဲ့ချင်ဘူး..."

"ငါက သေတော့မှာမှ မဟုတ်တာ၊ ပိတ်ရက်လေးခဏပါပဲကွာ"

"မင်းငါ့ကို မုန်းသွားပြီမဟုတ်လား?"

"ကဲ... လုပ်လုပ်... ပစ္စည်းတွေ သိမ်းပြီးရင် ငါမင်းကို အိမ်ပြန်လိုက်ပို့ပေးမယ်"

"အရမ်းရက်စက်တာပဲ!"

ရှောင်းမီ ဒေါသတကြီးနဲ့ ယန်ယန်ကို တွန်းလွှတ်လိုက်ပြီး နောက်လှည့်ကာ အိပ်ခန်းထဲ ပြန်၀င်သွားတော့သည်။ ယန်ယန် အချိန်အတော်လေးကြာတဲ့အထိ စောင့်နေသော်လည်း ရှောင်းမီတစ်ယောက် အိပ်ခန်းထဲမှ ပြန်ထွက်လာမဲ့အရိပ်အယောင် မမြင်ရတာမို့ ယန်ယန် အိပ်ခန်းထဲ ၀င်လိုက်သွားလိုက်ရာ အခန်းထဲ ဘယ်သူမှ ရှိမနေချေ။ ကုတင်ပေါ် စောင်အောက်တွင်သာ အဖုအထစ်ကြီးတစ်ခု ရှိနေလျက်။ ယန်ယန် ရှေ့သို့ တိုးကာ စောင်ကို လှမ်းဆွဲလိုက်ပြီး

"မင်းဒီမှာလား? ဘာလုပ်နေတာလဲ?"

"အနံ့တ၀ကြီး ရှူပါရစေအုံး"

"ငါ့ကို ဆဲရအောင် သိပ်မလုပ်ခိုင်းနဲ့၊ မင်းအမေက မင်းကို အိမ်မှာ စောင့်နေတယ်ကွ၊ မြန်မြန်ထပြီး သောက်ကုတင်ပေါ်က အခုဆင်း"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now