အခန်း (၈)

2.5K 355 29
                                    

ယန်ယန်နဲ့ ထူးကဲတဲ့တစ်ရက်တာကို အတူဖြတ်သန်းပြီးနောက် ရှောင်းမီ ပျော်ရွှင်စွာဖြင့် အိမ်ကို ပြန်ရောက်တဲ့အခါမှာတော့ သူ့မိဘများက ကြောက်မက်ထိတ်လန့်ဖွယ်ကောင်းတဲ့ မျက်နှာထားအသီးသီးဖြင့် အိမ်၌ စောင့်ဆိုင်းနေကြလျက်။ သူ့မိဘတွေရဲ့မျက်နှာအမူအရာကို တွေ့လိုက်ရတော့ သူစပြီး စိတ်ပူပန်လာတော့၏။ လုယီယီက သူ့မိဘတွေကို အကုန်ပြောပြလိုက်ရင်ရော ဘယ်လိုလုပ်မလဲ?

ရှောင်းမီရဲ့အဖေက မေးမြန်းလာ၏ "မင်းဘာလုပ်ခဲ့တာလဲ?"

ရှောင်းမီ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ သူ သူ့အောက်နှုတ်ခမ်းသားကို ကိုက်လိုက်ပြီး ဘာစကားမှ မပြောမိ။

ရှောင်းမီရဲ့အမေက ထပ်ပြီး "ငါတို့ မင်းကို ဘာဖြစ်တာလဲလို့မေးနေတယ်လေ ဘာလို့ဘာစကားမှ ပြန်မပြောရတာလဲ?"

"ဒါ...ဒါက အမှန်ပဲ၊ အမေတို့ သားကို ဘာကိစ္စပဲရှိရှိ ဆူဆဲနေပါစေ၊ သားရဲ့ဆုံးဖြတ်ချက်ကို ပြောင်းမှာ မဟုတ်ဘူးနော်!" သူ လုံး၀နောက်ပြန်မလှည့်ဖို့ ဆုံးဖြတ်ထားသည့်တိုင်အောင် သူ ရဲရဲဝံ့ဝံ့နဲ့ သတ္တိအပြည့်ဖြင့် ထိုစကားများကို ပြောလိုက်သည်။ သူ့မျက်နှာအမူအရာကိုလည်း ခြိမ်းခြောက်ခြင်းအပြည့်ဖြင့် မုန်တိုင်းထန်မတတ် ပြင်ဆင်ထားလိုက်သေး၏။

ရှောင်းမီရဲ့အမေက ခေါင်းတချက်ခေါက်ထည့်လိုက်ကာ "ဘာကို မှန်တယ်မှားတယ်တွေ လာပြောနေတာလဲ? မင်းက အရွယ်ရောက်လာပြီဆိုတော့ မိဘတွေကို ပြန်ပြောတဲ့ပုံစံက ဒီလိုပေါ့လေ? မင်းက အခု အတောင်စုံနေပြီဆိုတော့ ခြေစုံကန်ပြီး ပျံတက်ချင်နေပြီပေါ့လေ၊ ဟုတ်လားဟမ်? ဒီမနက် မင်းအိမ်က ထွက်သွားတာနဲ့ ချက်ချင်း ယီယီ ဒီကိုအပြေးရောက်လာပြီး ငိုနေတယ်၊ သူမ မင်းရဲ့အခန်းထဲမှာပဲ အခုထိရှိနေသေးတယ်၊ ငါတို့မေးတော့လည်း ပြန်မဖြေဘူး၊ ဒီလူညစ်ကလေးကတော့ ပြောစမ်း! မင်းသူမကို ဘာလုပ်ခဲ့တာလဲ? ပြီးတော့ မင်းခုနက ပြောလိုက်တာက ဘာလဲ? ဘာကိစ္စပဲရှိပါစေ မင်းဆုံးဖြတ်ချက်ကို မပြောင်းဘူးဆိုတာက? ဒီလူယုတ်မာလေး! မင်း ယီယီကို အနိုင်ကျင့်ပြီးတော့ ဆင်ခြင်ဆင်လက်တွေ ပေးနေသေးတယ်ပေါ့!"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now