အခန်း (၃၆)

1.6K 197 24
                                    

နောက်တစ်နေ့ မနက်စောစောတွင် သူတို့နှစ်ယောက် လေယာဉ်နဲ့ အိမ်ပြန်ခဲ့ကြလေသည်။ လေယာဉ်ဆင်းသက်ပြီဆိုတာနဲ့ ရှောင်းမီ စိတ်အားထက်သန်စွာနဲ့ ယန်ယန်လက်ကို လှမ်းဆွဲလိုက်ကာ

"ငါတို့ အခု မင်းအိမ်ကို ပြန်ကြမှာလားဟင်?"

"မင်းပြောတာ အရင်အိမ်လား? ငါရောင်းလိုက်ပြီ"

ရှောင်းမီ ဒီစကားကိုကြားတော့ အံ့ဩလွန်းလို့ သူ့မေးရိုးပြုတ်ကျမတတ် ဖြစ်သွားရပြီး "မင်း အဲ့အိမ်ကို ရောင်းလိုက်တာလား? ဒါဆို ဘယ်မှာ နေမှာလဲ? မင်းကို ဘယ်သွားရှာရမှာလဲလို့?!"

"နောက်ထပ်တစ်အိမ်၀ယ်တာပေါ့၊ ကျောင်းနဲ့ နီးတဲ့အိမ် ရှာလိုက်မယ်၊ မင်းလည်း အဲ့ကို ပြောင်းလာခဲ့လေ"

ရှောင်းမီ မှင်သက်သွားကာ ယန်ယန်က ခပ်လှမ်းလှမ်းကို ရောက်တော့မှ အသိစိတ်ပြန်၀င်လာပြီး ယန်ယန်နား အပြေးလေးသွားလိုက်ရင်း

"မင်း... မင်းဆိုလိုတာက ငါတို့အတူတူနေကြမယ် အဲ့လိုလား? ဒါမဲ့ ငါ့အမေပြောတာတော့ လက်မထပ်ခင် အတူတူနေတယ်ဆိုတာက ကောင်းတဲ့ကိစ္စမဟုတ်ဘူးတဲ့"

"ငါက ဒီအတိုင်း ပြောလိုက်တာ၊ မင်းဟာမင်း နေမယ် ‌မနေဘူးဆိုတာ ဆုံးဖြတ်ပေါ့" ယန်ယန် ဆက်ပြီး လျှောက်သွားလိုက်သည်။

"အိုက်ယား! ငါလည်း ဒီအတိုင်း ပြောလိုက်တာပါ၊ ငါ့အမေစကားကို ငါနားမထောင်ပါဘူး" ရှောင်းမီအနောက်မှ ခပ်ကုပ်ကုပ်လေးသာ လိုက်သွားလိုက်၏။

အဆုံးမှာတော့ ကျောင်းနဲ့ ဘတ်စ်ကားတစ်မှတ်တိုင်လောက်သာခြားတဲ့ ဓာတ်လှေကားပါအပါအ၀င်ဖြစ်တဲ့တိုက်ခန်းတစ်ခန်းကို လျိုယင်းရှင်းကူကာ ရှာပေးခဲ့သည်။

ရှောင်းမီအတွက် မကျေမနပ်ဖြစ်ရတဲ့ အချက်ကတော့ တိုက်ခန်းမှာ အထပ် ၃၀တွင် ရှိနေရခြင်းပင်။ ရှောင်းမီ ပြတင်းပေါက်ပေါ်မှ သတိတကြီးဖြင့် အောက်ဘက်ကို သေချာ ငုံ့ကြည့်လိုက်ရင်း

"ယန်ယန်၊ မင်းပြောကြည့်၊ ငါသာ ဒီကနေ အောက်ကို ပြုတ်ကျသွားရင် ငါ့ခန္ဓာကိုယ်ဘယ်လောက်ထိ ကျိုးကြေသွားနိုင်လောက်လဲ?"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now