အခန်း (၅)

2.8K 390 18
                                    

ဒုတိယနေ့တွင် ပထမတစ်ကြိမ်အနေဖြင့် စုရှောင်းမီ ဘတ်စ်ကားတစ်စီးပေါ် ရောက်တဲ့အခါ ဘတ်စ်ကားစပယ်ယာက မသန်စွမ်းသူများအတွက် ရည်ရွယ်ထားတဲ့ အထူးထိုင်ခုံကို ကြင်နာထောက်ထားမှုအပြည့်ဖြင့် ပေးလာခဲ့ပေ၏။

နောက်တစ်ကြိမ် သူ့အဆောင်ခန်းကိုသူ ရောက်လာပြန်တော့လည်း ကျူ့ကန်းက မေးလာပြန်သည် "ဒါက ဘာဖြစ်နေတာလဲ? တနင်္ဂနွေလေးတစ်ရက်ပဲ မတွေ့ရရုံရှိသေး၊ ဘာလို့ မင်းက မသန်စွမ်းဖြစ်သွားရတာလဲ?"

"ပေါက်ကရ‌တွေ!" ရှောင်းမီ ထိုင်ချင်တာကြောင့် သူ့ကုတင်ဆီသို့ လျှောက်သွားလိုက်၏။ သို့သော် သူ့‌အနောက်ဘက်ရပ်၀န်းဆီမှ နာကျင်မှုက သူ့ကို အလျင်အမြန် ပြန်မတ်သွားစေသည်။ သူလုပ်နိုင်တာအကုန်ကတော့ ကုတင်ဘောင်ကို မှီထားလိုက်ဖို့ပင်။

"ဘာလို့လဲ? လိပ်ခေါင်းရောဂါ ဖြစ်နေတာလား?" ရှောင်းမီ စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ကျူ့ကန်းကို ကြည့်လိုက်သည်။ သူ ကျူ့ကန်းနဲ့ ဆက်အငြင်းပွားချင်မနေဘူး။

သူ့ရဲ့လေးလံနေတဲ့ခန္တာကိုယ်ကို တရွတ်တိုက်ဆွဲပြီး လုယီယီကို ရှာဖို့ရန် ထွက်လာခဲ့လိုက်ချေတော့၏။ ချန်ဟွေးဆီသို့ သူတို့နှစ်ယောက်ကြားမှာ အရာရာပြီးဆုံးသွားပြီဆိုတဲ့အကြောင်းကို မက်ဆေ့ခ်ျတစ်စောင်ပို့ပြီး ပြောပေးဖို့အတွက် လုယီယီကို သူမေးချင်သည်။ သူက ယောကျာ်းလေးတစ်ယောက်ဖြစ်တဲ့အတွက် ဒီအကြောင်းကို သူ ရိုးရိုးတန်းတန်း ပြောမထွက်နိုင်ဘူးလေ။

လုယီယီရဲ့စာသင်ခန်းဆီ ရောက်သွားတဲ့အခါ သူမက ကျောင်းကွင်းပြင်နံဘေးက ပန်းခြံငယ်လေးဆီ သွားတယ်လို့ ညွှန်ပြကြ၏။

ရှောင်းမီ စာသင်ခန်းထဲသို့ တစ်ချက်အမြန် ဝေ့ကြည့်လိုက်သည်။ သို့သော် သူတွေ့ချင်တဲ့လူကို မတွေ့ရပေ...ထို့ကြောင့် ရှောင်းမီမှာ နာကျင်နေတဲ့ တင်ပါးလေးနဲ့အတူ ပန်းခြံငယ်လေးဆီ ဖြည်းညှင်းစွာ လျှောက်လာခဲ့တော့သည်။

သူ အဲ့ဒီကိုရောက်သွားတဲ့အခါမှာ နောင်တရသွားပေ၏။ လုယီယီနဲ့ ယန်ယန်တို့ ပန်းခြံထဲမှာ ရပ်နေကြသည်ကို သူတွေ့လိုက်ရသည်။ လုယီယီက ရှက်သွေးဖြာလျက် မြေကြီးကို ငုံ့ကြည့်နေကာ တစ်စုံတစ်ရာကို ပြောနေလျက်ရှိ၏။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now