အခန်း (၆၀)

1.9K 224 57
                                    

ချစ်သူစုံတွဲတိုင်းဟာ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် ကတောက်ကဆဖြစ်ကြလေ့ရှိသော်လည်း ရှောင်းမီမှာ ယန်ယန်နဲ့ ရန်ဖြစ်စကားများရတိုင်း အရမ်းအရမ်းကိုမှ ၀မ်းနည်းကာ စိတ်မ‌ကောင်းဖြစ်ရတာကြောင့် အခုလို စကားများရတာတွေ ဖြစ်နိုင်ရင် နည်းနိုင်သမျှနည်းစေဖို့ မျှော်လင့်မိသည်။

လီချင်းကို အိမ်ပြန်ပို့ပေးတဲ့လမ်းမှာ ရှောင်းမီတစ်ယောက် ယန်ယန် သူ့ကို ပြောခဲ့တဲ့စကားများအား ပြန်တွေးတောနေမိ၏... 'မင်းထွက်သွားပြီးရင် လုံး၀ပြန်မလာခဲ့နဲ့' သူ အတည်ပြောခဲ့တာများလား?

သူတို့နှစ်ယောက်လုံး ဘာလို့များ ဒီအဆင့်ထိ ရောက်လာခဲ့ရတာလဲ? နံဘေးမှ လီချင်းဘာပြော‌ပြော ရှောင်းမီနားထဲ တစ်လုံးမှ ၀င်မလာခဲ့ပေ။ လီချင်းကို ပို့ပေးပြီးတာနဲ့ ရှောင်းမီလည်း သူ့အိမ်သူ ပြန်လာခဲ့လိုက်တော့သည်။

အိပ်ယာပေါ်မှာ ဟိုဘက်ဒီဘက် လူးလိမ့်နေလျက် ရှောင်းမီ အိပ်မပျော်နိုင်ချေ။ ဖြစ်ခဲ့တဲ့ပြဿနာအစကို ရှောင်းမီ ပြန်တွေးနေမိ၏။ ယန်ယန်က ဘာလို့ အရမ်းစိတ်ဆိုးနေရတာလဲ? ဘယ်လောက်ပဲစိတ်ဆိုးတယ်ဆိုပါစေအုံး သူ့ကို ဒီလိုစကားလုံးကြမ်းကြမ်းကြီး‌တွေ သုံးပြီး ဘယ်လိုလုပ်ပြောရက်နိုင်ရတာလဲ? ယန်ယန်ပြောလိုက်တဲ့စကားတွေက ချိုသာသည်ဖြစ်စေ ကြမ်းတမ်းသည်ပဲဖြစ်စေ သူ့အပေါ် ကြီးကြီးမားမားထိုးနှက်မှုရှိတယ်ဆို ယန်ယန် သိမနေချေ။ ဒီစကားလုံးတွေက သူ့အပေါ် သက်ရောက်မှုရှိတယ်ဆိုတာ ယန်ယန် သေချာပေါက် မသိဘူးပဲ ဖြစ်ရမယ်! ဘာလို့ဆို ယန်ယန်မှာ သူ့ကို ထိခိုက်နာကျင်အောင် လုပ်ချင်တဲ့ဆန္ဒမရှိတာကြောင့်ပင်။

ရုတ်ချည်းဆိုသလို ကျူ့ကန်းပြောခဲ့တဲ့စကားများအား သူ့စိတ်ထဲ လျှပ်တပြက်အတွင်း ပြန်အမှတ်ရလာခဲ့သည်။

'မင်း ယန်ယန်မေးကတည်းက ရိုးရိုးသားသား အမှန်အတိုင်းပြောပြခဲ့သင့်တာ'

မဟုတ်မှလွဲရော ယန်ယန်က သူအပြင်ထွက်လျှောက်လည်လို့ စိတ်ဆိုးတာမဟုတ်ဘဲ သူ့ကို လိမ်မိလို့ စိတ်ဆိုးတာပေါ့! ဒါဆိုရင်လည်း ဘာလို့ အစကတည်းက ရှင်းရှင်းလင်းလင်း  ဒဲ့မပြောခဲ့ရတာလဲ? အဲဒီယန်စုတ်ယန်နာကတော့!!! သူဘာမှားခဲ့လဲဆိုတာ သေချာရှင်းလင်းအောင်မပြောပြဘဲနဲ့ သူက ဘယ်လိုလုပ်သိနိုင်မှာလဲလို့?! စဉ်းစားရင်းစဉ်းစားရင်းနဲ့ ရှောင်းမီ အမြန်အဆန် အင်္ကျီကောက်လဲကာ အလင်းအလျင်နဲ့ အိမ်ပြင်သို့ ထွက်လာလိုက်တော့၏။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now