အခန်း (၅၂)

1.3K 185 34
                                    

စာမေးပွဲဖြေရမယ့်ရက်က နီးကပ်လာပြီဖြစ်ရာ အရင်လို စုရှောင်းမီမှာ ယန်ယန်နား ကပ်ချွဲနှပ်ချွဲနဲ့ သာယာကြည်နူးတစ်တီတူးလုပ်ချင်တိုင်း လုပ်လို့မရတော့ပေ။ ညတိုင်း ယန်ယန်က ရှောင်းမီအား စာကျက်ရန် ဖိအားပေးကာ တင်းတင်းကြပ်ကြပ် စောင့်ကြည့်နေ၏။

ရှောင်းမီ အခန်းတံခါးဝတွင်ရပ်လျက် ဟိုဘက်ဒီဘက် ရွရွလေးပြေး၊ အိပ်ထမတ်တင်လေ့ကျင့်ခန်းတစ်ချို့ပါလုပ်ပြီး ဒီည စာမကျက်ရရေးတို့အရေးအစီအစဉ်အတွက် ပြင်ဆင်ကာ ကိုယ့်ကိုကိုယ်တွန်းအားပေးလှုံ့ဆော်နေသည်။ ထို့နောက် အသက်ခပ်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ တံခါးကို တွန်းဖွင့်လိုက်၏။ တံခါးပွင့်သွားတာနဲ့တစ်ပြိုင်နက် ကုတင်ပေါ် လွှားခနဲ ခုန်တက်ကာ စာအုပ်ဖတ်နေတဲ့ ယန်ယန်ရင်ခွင်ထဲသို့ အတင်းတိုး၀င်သွားပြီး တောက်တဲ့ကပ်သလို ကပ်လျက် ဖက်ထားလိုက်သည်။ လက်များကလည်း အငြိမ်မနေဘဲ ယန်ယန်ရဲ့ကိုယ်ပေါ်အနှံ့ လိုက်လံပွတ်သပ်နေတော့၏။ အဆုံးမှာ ယန်ယန်ရဲ့ဘောင်းဘီထဲသို့ လက်တိုး၀င်မလို့လုပ်နေစဉ်မှာပဲ တား‌ဆီးခံလိုက်ရလေသည်။

"ကျောင်းသားဖြစ်သူ၊ ကျေးဇူးပြုပြီး မင်းရဲ့အပြုအမူကို သတိထားပေးပါ" ယန်ယန်က စာအုပ်ဖတ်ရင်း ပြောလာ၏။

အစီအစဉ်ကျရှုံး... ထပ်ကြိုးစားရန်! ရှောင်းမီ သူ့အင်္ကျီကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ပြီး သူ့ပခုံးသားဖြူနုနုလေးနဲ့ညှပ်ရိုးလေးများကို ထုတ်ဖော်ပြသကာ ယန်ယန်ဆီ ပါပီမျက်လုံးရွဲကြီးများဖြင့် ညင်သာနူးညံ့စွာ စိုက်ကြည့်ရင်း

"သခင်~ မကြိုက်ဘူးလားလို့... ဒီမယ်ကြည့်... ငါ့ကို ကြည့်ပါအုံး" သို့သော်လည်း သခင်ယန်ရဲ့ မျက်လုံးအစုံမှာ စာအုပ်ပေါ်တွင်သာ ရှိလျက်။

ထပ်ပြီးကျရှုံး! ဒီတစ်ခါတော့ သူ့အင်္ကျီပေါ်က ကြယ်သီးအားလုံးကို ဖြုတ်ပစ်လိုက်ကာ "ယန်~ ဒီအင်္ကျီကြယ်သီးတွေက ပြန်တပ်လို့လည်း မရဘူးရော၊ ငါ့ကို ကူပေးပါအုံး!"

တုံ့ပြန်မှုမရှိ။

"ယန်~ ငါ့ဗိုက်အောက်ပိုင်းက နာသလိုလိုဖြစ်နေပြန်ပြီရော၊ ​​မင်းငါ့ကို ပွတ်ပေးလို့ရမလားဟင်?"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now