အခန်း (၁၃)

2.1K 273 32
                                    

နောက်ဆုံးမှာတော့ အားလပ်ရက်ရောက်ရှိလာခဲ့ပါပြီ။ ရှောင်းမီသူ့ရဲ့အိစက်နွေးထွေးလှတဲ့ အိပ်ယာပေါ်မှာ ကွေးနေကာ ထဖို့ အစီအစဉ်မရှိပေ။ မနက်၁၀နာရီတောင်ထိုးနေပြီဆိုပေမယ့်လည်းပေါ့။ [T/N: အဲ့ဒီအားလပ်ရက်ဆိုတာက နွေဦးပွဲတော် ဒါမှမဟုတ် တရုတ်နှစ်သစ်ကူးတို့လိုမျိုးအတွက် ကျောင်းပိတ်ရက်ရှည်ပိတ်တာမျိုးကို ပြောချင်တာပါ]

ရှောင်းမီအမေက ခါးထောက်ကာ "စုရှောင်းမီ! ထစမ်း! ဒီနေ့ အဖွားအိမ်သွားရမယ်!"

ရှောင်းမီတစ်ချက်လူးလိမ့်လိုက်ပြီး စောင်ပုံထဲကွေးနေဆဲ။ ပြီးနောက် ပျင်းရိပျင်းတွဲ့လေသံဖြင့် "မား! တခြားနေ့မှ သွားလို့မရဘူးလားဟင်? အခုမှ အားလပ်ရက်လေးစတာကို သားကို နည်းနည်းလေးလောက် နားခွင့်မပေးနိုင်ဘူးလားလို့၊ သားကျောင်းမှာ ဘယ်လောက်တောင်မှ ပင်ပန်းရတယ်ဆိုတာ အမေတွေးလို့ရမှာ မဟုတ်ဘူး"

ရှောင်းမီအမေခမျာ ထိုစကားကို ကြားရတဲ့အခါမှာ သူမ စိတ်ပျော့သွားရပါ၏ "ဒါပေမယ့် ငါတို့တွေမှာ မင်းအဖွားဆီ တခြားအချိန်သွားလည်ဖို့ မသင့်ဘူးလေ၊ မြန်မြန်ထစမ်းပါ"

သူ့အမေရဲ့လေသံ ပျော့လာတာကို ကြားရတော့ ရှောင်းမီဆက်ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည် "ဒါမဲ့ အမေ သားတကယ်ကို ပင်ပန်းနေတာပါဆို၊ သားကို မဆိုစလောက်လေး ဆက်အိပ်ခွင့်ပေးဖို့ အနူးအညွှတ်တောင်းဆိုပါတယ်နော်၊ သားကတိပေးထားတဲ့အတိုင်း နောက်ရက်တွေကျမှ သွားပါ့မယ်"

ရှောင်းမီအဖေက ဖြတ်သွားစဉ် ထိုစကားများကို ကြားတော့ ပြန်လှည့်လာကာ ရှောင်းမီအမေဆီ ပြောလာ၏ "ကိစ္စမရှိပါဘူးကွာ၊ အခုမှ ပိတ်ရက်လေးရတာကို သူခဏလောက်နားပါစေအုံးပေါ့၊ ငါတို့ဘာသာပဲ သွားကြမယ်" ရှောင်းမီအမေက တစ်အောင့်ခန့်တွေးလိုက်ပြီး အဆုံးမှာတော့ "ငါတို့မနက်ဖြန်မှ ပြန်လာမှာ၊ မင်းအိပ်ရာထတာနဲ့ Deliveryခေါ်၀ယ်စားလိုက်၊ အခု ငါတို့သွားပြီနော်"

တံခါးပိတ်သွားတဲ့အသံ ကြားလိုက်ရတာနဲ့ ရှောင်းမီမျက်လုံးပြူးကျယ်သွားလျက်။ သူအိပ်ရာပေါ်မှ ခုန်ဆင်းလိုက်၏။ ချက်ချင်းကို ပုံစံပြောင်းလဲလိုက်ကာ သွားမတိုက်၊ မျက်နှာလည်း မသစ်ဘဲ ယန်ယန်ဆီသို့သာ ဖုန်းခေါ်လိုက်လေသည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now