အခန်း (၃၈)

1.4K 186 23
                                    

"ဒီည မင်းတို့ ညစာ သွားမစားရဘူးဆိုပြီး သူတို့သုံးယောက်ဆီ စာပို့ပေးပြီးသွားပြီ၊ အဲ့တာ မင်း ငါနဲ့အတူ လိုက်ပေးလို့ရမလားဟင်?" ရှောင်းမီ ယန်ယန်ကို အနူးအညွှတ် တောင်းပန်ခယနေရသည်။

နောက်တစ်နာရီဆိုရင် သူ ကျောင်းသွားတက်ရတော့မည်ဖြစ်၏။ ထိုလက်ကျန်တစ်နာရီလေးအတွင်း ယန်ယန် သူနဲ့အတူ ဒီည ထမင်းလိုက်စားပေးရန် အမြန် တိုက်တွန်းရမည်ပင်။ ယန်ယန် ဆေးလိပ်ကို ပြာခွက်ထဲ စိုက်ထည့်လိုက်ကာ

"မင်းနဲ့ မင်းရဲ့အခန်းဖော်တွေ တွေ့ဆုံပွဲကို ငါက ဘာလိုက်လုပ်ရမှာလဲ?"

"ဒါပေမယ့် ငါတို့အကြောင်း သူတို့ကို ပြောပြထားပြီးသားလေ၊ ဘာပဲဖြစ်ဖြစ် အတူတူသွားကို သွားရမယ်၊ ကျူ့ကန်းနဲ့ တခြားသူတွေက ငါ့ကို ကောင်းကောင်းဆက်ဆံပေးကြတာ၊ အဲ့ကြောင့်မို့ ငါ့အနားမှာ မင်းမရှိပေးနိုင်တဲ့အချိန် သူတို့တွေ ငါ့ကို သေချာဂရုစိုက်ပေးကြတဲ့အတွက် ကျေးဇူးသွားတင်ရမှာပေါ့လို့"

ယန်ယန်က ရှောင်းမီကို စိုက်ကြည့်လာပြီး "ငါ မင်းအဖေ မဟုတ်ဘူးနော်"

ရှောင်းမီ စိတ်မရှည်လက်ရှည်ဖြစ်လာရကာ သူ ယန်ယန်ရဲ့လက်ကို ဆုပ်ကိုင်လိုက်ပြီး ဘယ်ညာလှုပ်ယမ်းနေလျက် ညုတုတုဖြင့်။ ဒါက ကလေးငယ်ငယ်လေးတွေ တစ်ခုခုအလိုရှိတဲ့အခါ ဘယ်လိုဘယ်ပုံ ပူဆာကြတယ်ဆိုတာ ကလေးချန်နယ်တစ်ခုတွင် ကြည့်ပြီး သင်ယူထားခြင်းပေ။

"ယန်~ ငါနဲ့အတူတူ သွားမယ်လို့၊ ဒီတစ်ကြိမ်လေးပါပဲ ဟင်? အဲ့အကောင်သုံးကောင်ဆီမှာ အားနည်းပျော့ညံ့တဲ့ငါလေးကို သေချာ အပ်ပေးလို့မရဘူးလားလို့? ပြီးတော့ ငါအရက်အမူးလွန်ပြီး စိတ်တွေ ထွေပြားနေချိန်မှာ သူတို့ ငါ့ကို တစ်ခုခုလုပ်လိုက်ကြရင်ရော? ငါပြောချင်တာက တစ်ခုခုဖြစ်သွားရင် ငါမင်းကို ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာ ငါတကယ်မသိဘူးလို့၊ အဲ့ဒီလို မဖြစ်စေချင်တဲ့ဆန္ဒလေးတစ်ခု‌ကိုတော့ မင်း ယုံကြည်ပေးဖို့ တောင်းဆိုပါရစေကွာ"

ယန်ယန်ရဲ့လက်ကို ကိုင်ထားရင်း ယန်ယန်မျက်လုံးတွေထဲ ရိုးသားကြိုးစားဖိုးသခွားအကြည့်လေးဖြင့် ကြည့်နေလျက်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now