အခန်း (၂၆)

1.4K 162 4
                                    

ယန်ယန်က ဖောက်သည်တစ်ဦးနှင့်တွေ့ဖို့ အပြင်ထွက်သွားစဉ်တွင် ရှောင်းမီတစ်ယောက် "Step Up"ရုပ်ရှင်ကို အပီအပြင်ကြည့်ဖို့ အခွင့်အရေးရသွားတော့သည်။ [T/N: American romantic danceရုပ်ရှင်ကားဖြစ်ပါတယ်၊ 2006 လောက်ကတည်းက ထွက်ထားတာဖြစ်ပြီး အခုနောက်ဆုံး 2019မှာ ထွက်တဲ့အထိဆိုရင် Step up (6)အထိရှိပါပြီ၊ ကိုယ်တော့ မကြည့်ဖူးဘူး^^ ကြည့်ချင်တဲ့သူတွေအတွက် ပုံအောက်ဆုံးမှာ ပြပေးထားပါမယ်နော်]

ကြည့်လို့အပြီးတွင် ရှောင်းမီသက်ပြင်းလေးတစ်ချချဖြင့် ဆိုဖာပေါ် လဲလျောင်းလိုက်လေ၏။ အဲ့ဒီလူတွေ ကသွားတာများ စတိုင်ကျချက်! အဲဒါနဲ့ သူ မှန်ရှေ့ ပြေးသွားကာ မှန်အထဲမှ သူ့ကိုယ်သူ စူးစိုက်ကြည့်မိတော့သည်။ သူ သူ့ရဲ့မာတောင့်တောင့်ကိုယ်ကို ကွေးညွှတ်ကာ မြှောက်တင်ဖို့ အသည်းအသန်ကြိုးစားနေပါသော်လည်း သူဘယ်လိုပင်လုပ်လုပ် ကိုးရိုးကားယားနဲ့ အချိုးမပြေဖြစ်နေဆဲ။ တကယ်တော့ သူက ပရော်ဖက်ရှင်နယ်အကသမားတစ်ယောက် မဟုတ်တာဘဲလေနော်။

ထို့နောက် အပြင်ဘက်မှ တံခါးဖွင့်လာသံကြားရတော့ သူအလင်းအလျင်နဲ့ ပျံတက်မတတ် စာဖတ်ခန်းထဲသို့ ကမန်းကတန်း၀င်သွားလိုက်တော့၏။ တံခါးပွင့်လာတဲ့အခါ ရှောင်းမီ အခုမှ စာကြည့်ခန်းထဲက ထွက်လာသလို ဟန်ဆောင်ပန်ဆောင်ဖြင့် အကြောလျှော့ကာ အညောင်းအညာဖြေလိုက်ရင်း

"ယန်~ ပြန်ရောက်ပြီလားဟင်? ငါ့မှာလေ တစ်နေ့လုံး စာလုပ်ထားရတာ၊ အခု အရမ်းပင်ပန်းနေပြီ"

ရှောင်းမီကို ယန်ယန်တစ်ချက်ကြည့်လိုက်ကာ ပြီးနောက် သူ ဧည့်ခန်းဆီသာ တန်းလျှောက်သွားလိုက်သည်။ တီဗီနဲ့ ဒီဗီဒီစက်များထားထားရာ နေရာဆီရောက်တော့ သူ ထိုအရာများကို ထိကြည့်လိုက်၏။ မတ်တပ်ရပ်‌နေတဲ့ သနားစရာအမိုက်အမဲလေး ရှောင်းမီကို သူ ပြန်လှည့်ကြည့်လိုက်ကာ

"ဒီဟာတွေက ဘာလို့ပူနေရတာလဲဆိုတာ ငါ့ကို ရှင်းပြပေးနိုင်မလား?"

ရှောင်းမီလှေကားပေါ်မှ ဆင်းလာပြီး

"ငါပြောပြမယ်၊ ဒီနေ့ရာသီဥတုက သေမလို ပူနေရော၊ ယန်~ ငါထင်တာတော့ ဒီနေ့ အဲယားကွန်းက ကောင်းကောင်းအလုပ်မလုပ်ဘူးနေမှာ"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now