အခန်း (၃၉)

1.4K 188 10
                                    

T/N: [အရှေ့အခန်း(၃၈)ရဲ့တစ်ဆက်တည်းပါ]

အစကတော့ ရှောင်းမီ ကားပေါ်ရှိ ခရီးသည်တင်ခုံပေါ် ငြိမ်ငြိမ်လေး ထိုင်လိုက်နေတာဖြစ်၏။ သို့သော်လည်း မျက်လုံးပွင့်လာတာနဲ့ချက်ချင်း ဟိုဟိုဒီိဒီကျီးကန်းတောင်းမှောက်လိုက်ကြည့်ကာ ယန်ယန်ဘက်ဆီ တစ်ဖန် စိုက်ကြည့်လိုက်ရင်း

"ငါတို့ ဘယ်သွားနေကြတာလဲ?"

"ဘယ်သွားရမှာလဲ? အိမ်ပြန်နေတာပေါ့"

ယန်ယန် လက်တစ်ဖက်က ကားပြတင်းပေါက်‌ပေါ် တင်ထားကာ နောက်တစ်ဖက်မှာမူ ကားစတီယာရင်ကို ကိုင်ထားလျက်။

"ငါ အိမ်မပြန်ချင်ဘူး!"

ရှောင်းမီ အကျယ်ကြီး အော်ပြောလာလေ၏။ ရုတ်တရက် အသံစူးစူးဖြင့် ထအော်လာတာကြောင့် ယန်ယန်ခမျာ ကားကိုပင် ရပ်ချလိုက်ရသည်။

"အိမ်မပြန်ဘဲ မင်းက ဘယ်သွားချင်လို့လဲ?"

ရှောင်းမီ မူးရူးကာ ရီဝေဝေမျက်လုံးများဖြင့် ယန်ယန်ဆီ ဝိုးတိုးဝါးတားစိုက်ကြည့်လိုက်ရင်း "ငါ့အိမ်ကို သွားချင်တယ်၊ အခုဆိုအခု! ငါ့မိဘတွေကို ငါတို့နှစ်ယောက်အကြောင်း အကုန်ဖွင့်ပြောပစ်မယ်၊ အခုချက်ချင်း! မြန်မြန်မောင်း!"

ရှောင်းမီ ရူးသွပ်သွားလုမတတ် ကားမှန်ကို တဘုန်းဘုန်းထုရိုက်ကာ သောင်းကြမ်းနေ၏။ အခုမှသာ ယန်ယန်တစ်ယောက် 'ရှောင်းမီကို သတိထားအုံး'ဆိုတဲ့ လုဖေးရဲ့ဆိုလိုရင်းကို သဘောပေါက်သွားရတော့သည်။ အရည်၀င်သွားရင် သွက်သွက်ခါအောင် ရူးသွားရတာပါလားဟ!

ယန်ယန် သူ့ရဲ့လုံခြုံရေးခါးပတ်ကို ဖြုတ်လိုက်ပြီး ပြတင်းပေါက် ကွဲထွက်သွားတော့မတတ် ထုရိုက်နေဆဲဖြစ်တဲ့ ရှောင်းမီလက်ကို ဆွဲထိန်းလိုက်ကာ

"ဖာ့ခ်! အေးဆေးနေစမ်း!"

"ငါ့အိမ်သွားချင်တယ်! အခုချက်ချင်း ငါ့မိဘတွေကို ပြောပစ်ချင်နေပြီလို့! တစ်မိနစ်လေးလောက်တောင်မှ ထပ်စောင့်မနေနိုင်တော့ဘူး! ငါ့ကို လာမတားနဲ့!"

ပုံမှန်ဆို အရိုးလက်တစ်ဆုပ်စာလောက်သာရှိတဲ့ ရှောင်းမီဟာ အရက်မူးနေချိန်တွင်တော့ တွေးမရလောက်အောင်ပင် သန်မာလွန်းနေကာ ယန်ယန်ကို တွန်းလွှတ်ပြီး ကားတံခါးဖွင့်၍ အပြင်သို့ ပြေးထွက်သွားတော့၏။ အရက်နံ့များ တထောင်းထောင်းထနေတဲ့ ရှောင်းမီကို ယန်ယန် စိတ်ပျက်လက်ပျက်ကြည့်နေမိလျက်။ သူသာ ဒီလိုဖြစ်ရပ်ဆိုးမျိုးဖြစ်လာမှာကို ကြိုသိနေခဲ့ရင် ရှောင်းမီပါးစပ်ထဲ အရက်တစ်စက်လေးတောင်မှ အ၀င်ခံမှာ မဟုတ်ပါချေ။ သူ အံတကြိတ်ကြိတ်ဖြင့် တံခါးဖွင့်ကာ ရှောင်းမီနောက်သို့ ပြေးလိုက်သွားရတော့သည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now