အခန်း (၁၅)

1.8K 233 10
                                    

နှစ်သစ်ကူးရက်မတိုင်မီ တစ်ရက်အလိုတွင် ရှောင်းမီရဲ့အိမ်မှာ နှစ်သစ်လေထုအငွေ့အသက်များလွှမ်းခြုံနေကာ လူများစွာဖြင့် ပြည့်နှက်နေပေတော့၏။ ရှောင်းမီအမျိုးတွေရဲ့ အစဉ်အလာအရ နှစ်တိုင်းမှာ မိသားစုတစ်စုဟာ နှစ်သစ်ကူးအတွက် အလှည့်ကျ အိမ်ရှင်အဖြစ် ဧည့်ခံစီစဥ်ကြရသည်။ ဒီနှစ်ကတော့ ရှောင်းမီတို့မိဘတွေရဲ့အိမ်ရှင်အဖြစ် လက်ခံရမယ့်အလှည့်ဖြစ်ကာ ထိုနှစ်သစ်ကူးအတွက် အကျွေးအမွေးနှင့် တည်းခိုကြရန် နေရာထိုင်ခင်းအတွက် ဧည့်ခံပြုစုကြရမှာဖြစ်၏။ ထို့ကြောင့် အဖိုး၊ အဖွားနှင့် အခြားဆွေမျိုးနီးစပ်သူများအားလုံးလည်း ရောက်လာခဲ့ကြသည်။ [T/N: အဖေဘက်က အဖိုးအဖွားတွေပါ။ အခန်း ၁၄မှာ ရှောင်းမီမိဘတွေ သွားလည်ခဲ့တာက အမေဘက်ကပါ]

ယန်ယန်ဆီသို့ ဖုန်းခေါ်ရန် ရှောင်းမီအိမ်ထဲမှ ခိုးကြောင်ခိုးဝှက် လစ်ထွက်လာလိုက်၏။ ဒါပေမယ့် ယန်ယန်ရဲ့ဖုန်းက ဆက်သွယ်လို့မရပေ။

ရှောင်းမီပျင်းရိလာသလိုပင်။ အိမ်ထဲသို့ ပြန်၀င်သွားလိုက်တော့ သူ့အန်တီနဲ့ သူ့အမေတို့နှစ်ယောက်သား ကိုးရီးယားဒရမ်မာအချစ်ဇာတ်လမ်းကြည့်နေကြတာကို တွေ့လိုက်ရသည်။ တီဗီထဲတွင် ချစ်သူစုံတွဲက သူတို့ရဲ့လက်များကို အချင်းချင်းဆုပ်ကိုင်ထားကြရင်း နှစ်သစ်ကူးအတွက် Countdownရေနေကြသည်ကို စောင့်နေကြလျက်။

ရှောင်းမီစတင်ပြီး နေ့ခင်းအိမ်မက်လေးကို စိတ်ကူးယဉ်ကြည့်လိုက်မိ၏။ သို့သော်လည်း တစ်ညလုံး ယန်ယန်ဆီမှ ဖုန်းအဆက်အသွယ်ပြန်မရပေ။ ရှောင်းမီ အိပ်ပျော်သွားသည့်တိုင်အောင် သူ၀မ်းနည်းစိတ်မကောင်းဖြစ်နေဆဲ။

နောက်တစ်ရက်တွင် သူအိပ်ရာထလာတော့ လုယီယီတစ်ယောက် သူ့အိမ်ဆိုဖာပေါ် ထိုင်နေသည်ကို တွေ့လိုက်ရ၏။

"နင် ဘာလို့ ဒီရောက်နေရတာလဲ?"

လုယီယီက ရှောင်းမီကို မကြည့်ဘဲနဲ့ တီ‌ဗီကိုသာ ဆက်ကြည့်နေကာ "နင့်အမေက ငါ့မိသားစုကို နင်တို့မိသားစုနဲ့အတူတူ ပြန်လည်ပေါင်းစည်းပွဲအနေနဲ့ ညစာစားကြဖို့ ဖိတ်လို့လေ"

"နင့်အိမ်မှာက ထမင်းမရှိလို့လား?"

"ယိုး! ဘယ်လို အမူအကျင့်သဘောထားမျိုးလဲဟမ်? ငါက နင့်အစ်မကြီးနော်"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now