အခန်း (၂၇) Special

1.9K 165 3
                                    

*စုရှောင်းမီနဲ့ပတ်သက်၍*

>>>အခြားသူတွေက စုရှောင်းမီကို သူငယ်ချင်းအပေါင်းအသင်းလို သဘောထားပြီး သူ့ပခုံးပေါ် ပွေ့ဖက်လာတဲ့အခါ

--"ငါလူး! ယဉ်ကျေးသမှုလေး ရှိပါအုံး! ဟိုထိ ဒီထိနဲ့! ကြည့်မနေနဲ့ မင်းကို ပြောနေတာ!"

>>>ယန်ယန်က စုရှောင်းမီပခုံးပေါ် ပွေ့ဖက်လာတဲ့အခါ

--"ဟေး~ ပွေ့ထားရုံလား! ညစ်ညစ်ပတ်ပတ်အရာတွေ လုပ်ဖို့ ခွင့်မပြုဘူးနော်~"

>>>အခြားသူတွေက အရသာရှိတယ်လို့ထင်တဲ့အစားအသောက်များ စုရှောင်းမီနဲ့ မျှစားလာတဲ့အခါ

--"မင်းဘာလုပ်ဖို့ ကြိုးစားနေတာလဲ? ငါ့ကို ၀စေချင်လို့လားဟမ်?"

>>>ထို့အတွက်ကြောင့် သူတို့ဟာ သူတို့ပြန်ယူသွားသောအခါ

--"ဒါဘာအချိုးလဲ? ငါက ၀နေတယ်ထင်ရင် သွယ်ဝိုက်လုပ်နေစရာမလိုပါဘူး! တဲ့တိုးသာပြောလိုက်စမ်းပါ"

>>>ယန်ယန်က သူစားပြီးလက်ကျန်အစားအသောက်များ ပေးလာတဲ့အခါ

--"ယန်ယန်~ မင်းက ငါ့အပေါ် အရမ်းကောင်းတာပဲနော်၊ ငါသိသားပဲ၊ ငါရွေးချယ်တာ မှန်သွားပြီဆိုတာ"

>>>ယန်ယန်က သူ့စားပြီးလက်ကျန်အစားအသောက်များ ပြန်ယူဖို့ ဆုံးဖြတ်လိုက်တဲ့အခါ

--"မင်းသာ ငါ့ကို သတိ​မပေးရင်​ ငါ​‌မေ့သွားတော့မလို့! အစားကျန်တွေစားရင်​ ဗိုက်​အောင့်လိမ့်မယ်!"

>>>အခြားသူတွေက စုရှောင်းမီကို ရုပ်ရှင်ရုံဆီ ဆွဲခေါ်ကြတဲ့အခါ

--"ကြီးကောင်ကြီးမား ယောင်္ကျားကြီးနှစ်ယောက် အတူတွဲပြီး ရုပ်ရှင်ရုံသွားစရာလားဟမ်? လူတွေ လှောင်ရယ်ကြမှာ မသိဘူးလား?"

>>>စုရှောင်းမီက ယန်ယန်ကို ရုပ်ရှင်ရုံအတူ သွားဖို့ ဆွဲခေါ်တဲ့အခါ

--"နောက်ဆုံးတစ်ခေါက်လေးပဲ ငါနဲ့အတူ လိုက်ပေးပါနော်! တကယ်​ပြောတာ! ဒါနောက်​ဆုံးတစ်​​ခေါက်​ပဲ~"

>>>အခြားသူတွေနဲ့ စုရှောင်းမီ သန့်စင်ခန်းသွားတဲ့အခါ

--စုရှောင်းမီ ခပ်ဝေးဝေးမှာ သွားရပ်နေပါလိမ့်မည်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now