အခန်း (၃၃)

1.4K 180 14
                                    

(လူနှစ်ယောက်တစ်ယောက်ကိုတစ်ယောက် ပိုချစ်လာကြလေလေ တစ်ယောက်ကြောင့် တစ်ယောက် နာကျင်စေလွယ်လေလေ)

ရက်သတ္တပတ်တစ်ပတ်ကြာမြင့်တဲ့အခါ ယန်ယန်နဲ့ခွဲခွာရတာ သူထင်ထားတာထက် ပိုခက်ခဲတယ်ဆိုတဲ့အကြောင်း နားလည်သဘောပေါက်သွားရတော့သည်။ သူဘာကိုမှ အာရုံစိုက်လို့မရပေ။ အဆုံးမှာတော့ သူ့ကိုယ်သူသာ ဒီ အနှစ် ၂၀အတွင်းမှာ ထိုကဲ့သို့ သူရဲဘောကြောင်ကာ ပျော့ညံ့တဲ့သူဖြစ်ရတဲ့အပေါ် စိတ်ပျက်ကာ ရွံရှာမိရလျက်။ သူထင်ထားတာက ဒီအချစ်ကိုသာ လက်လွှတ်အရှုံးပေးလိုက်ရင် အကုန် ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ အရာရာတိုင်းဟာ အတိတ်ကလို အရင်ပုံစံအတိုင်း အကုန်နေသားတကျ ဖြစ်နေမယ်လို့လေ။ဒါပေမယ့်လည်း ကိစ္စတွေက သူထင်ထားသလို ရိုးရှင်းလွယ်ကူမနေခဲ့ပါချေ။ နေ့တိုင်းနေ့တိုင်းလိုလို ထမင်းစားတဲ့အချိန်၊ အတန်းတက်တဲ့အချိန်၊ အိပ်တဲ့အချိန်တွေ၊ အချိန်တိုင်းအချိန်တိုင်းမှာ သူနဲ့ ယန်ယန်ကြားက အမှတ်ရစရာများအားလုံး သူ့ဆီ တဝဲလည်လည်နဲ့ ပြန်ရောက်လာခဲ့သလိုပင်။

('မင်းက ကျပ်မပြည့်ဘူးလားဟမ်?!'

'မင်းတို့နှစ်ကောင်၊ ငါ့အကြောင်း ပြောနေတာဆိုလည်း ဒီထက်နည်းနည်းအဝေးမှာ သွားမပြောနိုင်ဘူးလား?'

'ရှောင်းမီ၊ မင်းငါ့ကို ကြိုက်နေတာလား?'

'ငါက မင်း‌ကြိုက်နေတဲ့လူ မဟုတ်ဘူးလား? မင်းငါ့ကို ကြိုက်တယ်လို့ မင်းမပြောခဲ့ဘူးလားဟမ်?'

'ဒါဘာအရေးကိစ္စဖြစ်နေရတာလဲ?'

'စုရှောင်းမီ! အခု မင်းငါနဲ့ နေချင်တဲ့ ဆန္ဒရှိတယ်မလား? ဒီနေ့ ငါ မင်းဆန္ဒရှိတာကို ဖြည့်ဆည်းပေးမယ်လေ'

'ငါက မင်းကို ချစ်ဖို့အတွက် တာ၀န်ရှိတယ်လေ'

'ငါမင်းကို ပွေ့ဖက်ပြီး နည်းနည်းလောက်လှည့်ပေးနိုင်တော့မယ်လို့ မထင်ဘူး၊ ပျော်ရွှင်စရာနှစ်သစ်ပါ'

'ဒီကိုလာခဲ့၊ မင်းကို ဖက်ထားပါရစေအုံး'

'စုရှောင်းမီ! ငါမင်းကို သတ်ပစ်ချင်တယ်!!!'

'Happy birthday အချစ်လေး'

'ရှောင်းမီ~ ငါဒီလို ချစ်စကားကြိုက်စကားအနုအယွလေးတွေ ဘယ်တော့မှ ပြောလာလိမ့်မှာ မဟုတ်သလို ငါမင်းကို လမ်းခွဲဖို့ကိုလည်း ဘယ်တော့မှ ပြောမှာမဟုတ်ဘူး၊ ငါတို့ရဲ့ရှေ့ဆက်လျှောက်ရမယ့်အနာဂတ်လမ်းခရီးက အရှည်ကြီးရှိသေးတာမို့ သည်းခံပြီး အတူတူလျှောက်လှမ်းဖို့ ဇွဲရှိရှိနဲ့ ကြိုးစားကြမယ်၊ တီ‌ဗီဇာတ်လမ်းထဲက သူတွေကို အားကျမနာလိုဖြစ်နေစရာအကြောင်းလည်း မရှိဘူး၊ မင်းက စုရှောင်းမီ၊ ငါက ယန်ယန်၊ ငါတို့မှာ ငါတို့ကိုယ်ပိုင်အချစ်ဇာတ်လမ်းရှ်ိပြီးသား'

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now