အခန်း (၆၃)

1.3K 204 60
                                    

ဒီနေ့ ရှောင်းမီ အပြင်မှာ လတ်လျားလတ်လျားနဲ့ လမ်းသလားပြီး အချိန်ဖြုန်းနေရင်း ဂေးဘားတစ်ခု အမှတ်မထင်တွေ့လိုက်ရသည်။ အခြားသူတွေအနေနဲ့ရော ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားရှိကြလဲဆိုတာ သူ စပ်စုချင်စိတ်ပြင်းထန်လျက် ရွပိုးထိုးနေတော့၏။ ဘား၀င်ပေါက်ရှေ့ ယောင်ပေပေနဲ့ ဟိုဘက်လျှောက်လိုက်၊ ဒီဘက်လျှောက်လိုက်လုပ်ရင်း နောက်ဆုံး အထဲသို့ တန်းတန်းမတ်မတ် ၀င်သွားတော့သည်။

အထဲတွင် မီးအလင်းရောင် မှိန်ဖျော့ဖျော့လေးသာ လင်းနေ၏။ ဒီအချိန် လူသိပ်လာကြတဲ့ပုံမပေါ်ချေ။ ဘားထဲ လူအနည်းငယ်သာ ရှိသည်။ တစ်ချို့က ဘားကောင်တာမှာ ထိုင်ကာ အရက်သောက်နေကြပြီး တစ်ချို့တစ်လေကျတော့ စားပွဲဝိုင်းလေးတွေမှာ အသီးအသီးထိုင်ကြလျက် စကားစမြည်ပြောနေကြ၏။ ရှောင်းမီ တံခါး၀နားတွင် ရပ်ကာ စားပွဲဝိုင်းမှာ ထိုင်ပြီး စကားပြောနေကြတဲ့စုံတွဲကို သူ့ရင်ထဲ ဖော်မပြနိုင်တဲ့ခံစားချက်နဲ့အတူ စိုက်ကြည့်နေမိသည်။ ဒီနေရာမှာ ဘက်လိုက်ခြင်းမရှိဘဲ ကိုယ့်ရဲ့လိင်ပိုင်းဆိုင်ရာခံစားချက်ကို ပွင့်ပွင့်လင်းလင်း မြင်သာထင်သာ ရှိအောင် ဖော်ပြပိုင်ခွင့်ရှိပေ၏။

ထိုစဉ် ဘားမှ တစ်စုံတစ်ယောက်က ရှောင်းမီအား သတိပြုမိသွားပြီး ပြုံးကာ မေးလာသည်။

"တစ်ခွက်လောက် သောက်ချင်လား?"

"နေပါစေ၊ မသောက်တော့ပါဘူး၊ ကျွန်တော် ဒီအတိုင်း လျှောက်ကြည့်ရုံပါပဲ" ပြောပြီး ရှောင်းမီ ရှက်ကိုးရှက်ကန်းနဲ့ ဘားအထဲမှ လှည့်ထွက်လာလိုက်တော့၏။

သူအပြင်ရောက်တဲ့အခါ လမ်းဘေးတစ်‌နေရာတွင် ဆေးလိပ်ထိုင်‌သောက်နေကြတဲ့လူရမ်းကားတစ်စုကို တွေ့လိုက်ရသည်။ ထိုသူတို့က ရှောင်းမီအား အလွန်အမင်း ရွံရှာစက်ဆုပ်သလို စိတ်ပျက်တဲ့အကြည့်ဖြင့် ကြည့်နေကြလျက်။ ရှောင်းမီ ဒီလိုအကြည့်တွေမျိုးဖြင့် စိုက်ကြည့်ခံရတာကို အရမ်းမုန်းတီးတာကြောင့် သူ မြန်မြန်ပဲ ရှောင်ဖယ်ထွက်သွားဖို့ ပြင်လိုက်၏။

သို့သော်လည်း သူတို့က သူ့လမ်းကို ပိတ်ဆို့ထားကြသည်။ တစ်ယောက်က ဆေးလိပ်တစ်လိပ်ရှိုက်ဖွာကာ ရှောင်းမီမျက်နှာထက်သို့ ဆေးလိပ်မီးခိုးအငွေ့များ မှုတ်ထုတ်လာ၏။ ရှောင်းမီ မျက်နှာလွှဲလိုက်ကာ

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now