အခန်း (၂)

4.2K 454 16
                                    

အဲ့နေ့ကစပြီး အရာခပ်သိမ်းဟာ ထိန်းမနိုင်သိမ်းမရဖြစ်လာခဲ့ပေတော့၏။ စုရှောင်းမီ သွားတိုက်နေရင်းနဲ့ ယန်ယန်က သူ့ကို ပြုံးပြနေတာကို မြင်ယောင်နေမိသည်။ သူထမင်းစားနေတဲ့အခါမှာလည်း ယန်ယန်က သူ့ကို ပြုံးပြနေပြန်၏။ စာသင်စင်မြင့်ပေါ်မှာ မတ်တပ်ရပ်နေတဲ့ဆရာကိုတောင်မှ ယန်ယန်ရဲ့မျက်နှာကြီးနဲ့ အစားထိုးပြောင်းလဲပြီး မြင်ယောင်နေမိသည်။ စုရှောင်းမီ အရမ်းကိုမှ ဒုက္ခလှလှရောက်နေခဲ့သည်ပင်။ သူစဉ်းစားကြည့်လိုက်တော့ ဒီယန်ယန်က သူ့အပေါ် မှော်ပညာတစ်ခုခုနဲ့ ပြုစားလိုက်တာ ဖြစ်နိုင်ပေ၏။

ထိုဒေါ်လာ၁၀၀တန် ငွေစက္ကူလေးကို စုရှောင်းမီက ဓာတ်ပုံဘောင်လေးထဲတွင် သေချာထည့်ကာ ခင်းကျင်းပြစားထားလိုက်သည်။ ‌ထိုငွေစက္ကူနံဘေးမှာတော့ သူ သစ်သီးလှီးသည့်ဓားတစ်ချောင်းကိုပါ တွဲလို့ ထားထားလျက်။ တကယ်လို့ အဲ့ငွေပျောက်သွားခဲ့ရင်တော့ ဓားနဲ့ သုတ်သင်ခံရမည်ဆိုသည့် သတိပေးချက်တစ်မျိုးပင်။

ယန်ယန်နဲ့ သူ့ရဲ့ဒုတိယနှစ်ကျောင်းသားတစ်စု လမ်းလျှောက်လာတာကို မြင်လိုက်ရတဲ့အခါမှာတော့ စုရှောင်းမီရဲ့ နှလုံးသားဟာ တဒုတ်ဒုတ်နဲ့ လျင်မြန်စွာ ခုန်ပေါက်နေခဲ့သည်။ ရှောင်းမီ နောက်ဆုံးကျမှ သူဒီလိုခံစားနေရတဲ့အကြောင်းအရင်းဟာ ဘာကြောင့်လဲဆိုတာကို နားလည်သဘောပေါက်သွားတဲ့အခါမှာတော့ နောက်စာသင်နှစ်တစ်ခု ပြီးသွားနှင့်ခဲ့ပြီ။

ရှောင်းမီရဲ့နွေဦးဟာ ရောက်လာခဲ့ပါပြီ။ ဒါပေမယ့် သူ့ရဲ့နွေဦးဟာ ယောင်္ကျားလေးတစ်ယောက်ဖြစ်သွား‌တာကလွဲလို့ပေါ့။ (နွေဦးရောက်လာတယ်ဆိုတာ ပြောချင်တာက သူချစ်မိသွားခဲ့ပြီဆိုတာပါ) ရှောင်းမီ ဒုတိယနှစ်ရောက်တဲ့အခါ ယန်ယန်က တတိယနှစ်တက်ရတော့မှာပါ။ ရှောင်းမီဟာ ထိုကျောင်းသားဖြစ်သူနဲ့ မပေါင်းသင်းနိုင်သေးသလို ယန်ယန်ဟာလည်း မိန်းကလေးတွေ‌ပိုးပန်းတာဆီကနေ မလွတ်မြောက်နိုင်သေးမြဲပါ။

ရှောင်းမီ တွေးတောနေခဲ့ပါ၏။ တကယ်လို့များသာ ယန်ယန်တစ်ယောက် ကောင်မလေးသာရသွားခဲ့ရင် သူကျိန်းသေ သူ့ကို ကြိုက်နေတာကို ရပ်လိုက်မှာပါ။ သူလည်း ဒီလိုစိတ်မတင်မကျခံစား‌ချက်တွေဆီမှ အဆင်‌ပြေကောင်းသွားဖို့အတွက် ယန်ယန် ကောင်မလေးမြန်မြန်ရဖို့ မျှော်လင့်နေခဲ့ပါသည်။ သို့သော်လည်း ယန်ယန်နဲ့သူ့ကောင်မလေး အတူတူ အီစီကလီနေကြမယ့်ပုံရိပ်ကို သူစိတ်ကူးယဉ်မိလိုက်တဲ့အခါတိုင်း သူ့နှလုံးသားဟာ ရှုပ်ထွေးတင်းကျပ်ပြီး အဖြေရှာရခက်သွားသလိုပင်။

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now