အခန်း (၄၀)

1.6K 228 7
                                    

ရှောင်းမီ သူ့လက်ထဲမှာ ကိုင်ထားတဲ့ အနီရောင်‌ဖိတ်စာလေးကို ကြည့်ရင်း အတွေးထဲ နှစ်မြောနေမိသည်။ အထက်တန်းကျောင်းတုန်းက သူ့သူငယ်ချင်းဖြစ်တဲ့ ကျန့်ချင်းရဲ့ မင်္ဂလာညစာ ဖိတ်စာကတ်လေး ပေးပို့လာခြင်းဖြစ်ပေ၏။ သူမ ဒီလောက်အစောကြီး လက်ထပ်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိပေ။

တကယ်တမ်းကျ သူသွားသင့်လား၊ မသွားသင့်ဘူးလားဆိုတာ ခေါင်းအခြောက်ခံပြီး အများကြီးစဉ်းစားနေဖို့ မလိုပါချေ။ ဘာလို့လဲဆို‌ရင် စိတ်ထဲ ဟိုလိုလို ဒီလိုလို ဇဝေဇဝါဖြစ်တဲ့အခြေအနေတိုင်းမှာ ယန်ယန်ရဲဲ့ထင်မြင်သုံးသပ်ချက်ကသာ အဖြေဖြစ်သည်လေ။

ဒီနေ့ညနေ အတန်းမရှိတဲ့အတွက် သူ အိမ်စောစောပြန်လာခဲ့လိုက်၏။ တီဗီခဏလောက် ထိုင်ကြည့်လိုက်ရင်း ယန်ယန် အပြန်လာကို စောင့်နေလျက်။ အိမ်တံခါးသော့ဖွင့်သံကြားတာနဲ့ချက်ချင်း ရှောင်းမီ တံခါးဘေး အမြန်ပြေးပုန်းလိုက်ကာ ယန်ယန် ဖိနပ်ချွတ်နေတုန်း ‌အရှေ့သို့ ဝုန်းခနဲ ခုန်ထွက်လိုက်ပြီး

"စပရိုက်!!! ငါ့ကို တွေ့လိုက်ရတော့ အံ့ဩသွားပြီမလား?!"

ရှောင်းမီ သူ့မစ်ရှင်‌အတွက် အတော်လေး မျှော်လင့်နေလျက်။ ယန်ယန် မျက်တောင်တစ်ချက်တောင်မှ မခတ်ဘဲ ဒီအတိုင်း ရှောင်းမီရဲ့ဘေးမှ ဖြတ်ကျော်သွားကာ "မင်းရင်သားအတုသွားထည့်လိုက်ရင်တော့ ငါအံ့သြချင်အံ့ဩသွားလိမ့်မယ်"

"ငါရင်သားက သေးတယ်လို့ ပြောချင်တာလားဟမ်? မိန်းကလေးတွေများ နေ့တိုင်း တောင်ကြီးနှစ်‌လုံးလောက်ရှိတဲ့အဆီတွေ သယ်နေရတာကိုများ... အဲ့ဒါကောင်းလို့လား? ပုံမကျပန်းမကျနဲ့... လုယီယီဆို ကြည့်ပါလား... ရုပ်ပျက်ဆင်းပျက်ကြီး... မကြာခင် တွဲရွဲကျလာလိမ့်မယ်"

ရှောင်းမီ ဒီထက်ပိုပြီးထပ်‌ပြောဖို့ စကားလုံးများ ခက်ခက်ခဲခဲ ရှာဖွေနေလျက်... အစကတော့ သူနဲ့ယန်ယန်တို့ ကတောက်ကဆဖြစ်နေကြတဲ့အခါတုန်းက ကူညီပေးခဲ့တဲ့ လုယီယီကို ကျေးဇူးတင်မိပေမယ့် သူတို့ ပြန်အဆင်ပြေပြီး ပြန်တွဲကြတဲ့အခါမှာ လုယီယီက ပြောလာ၏။

"ငါက နင့်အတွက် လုပ်ပေးတယ်များ မှတ်နေလား? ယန်ယန်အတွက် အရမ်းစိတ်ပူလို့ဟဲ့! သူသာထွက်သွားခဲ့လို့ရှိရင် ဘယ်တော့မှ ပြန်မလာနိုင်တော့မယ့်အခါကျ ငါသူနဲ့ ဘယ်လိုဆက်သွယ်ရမှာလဲလို့?!"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now