အခန်း (၄၆)

1.3K 196 19
                                    

အဆုံးမှာတော့ မိန်းကလေးရဲ့ရင်ဘတ်ထဲ ၀င်ကာ လေ့လာရေးခရီးထွက်ခဲ့တဲ့ငါးမှာ အကင်ဘ၀သို့ ကူးပြောင်းသွားတော့လေသည်။ ရှောင်းမီ ထိုငါးနဲ့ ခပ်ဝေးဝေးမှာ နေနေတာ ယန်ဟွေးက အရသာရှိရှိနဲ့ ငါးကင်ကို စားလို့ကုန်သွားတဲ့အချိန်ထိပင်။ ထိုအခါမှ ရှောင်းမီ အသင့်ပါလာတဲ့အသားအချို့ထဲမှ နှစ်ယောက်စာလောက်ကို သူစားချင်သလို ပျော်ပျော်ကြီး ထချက်ပြုတ်ပြင်ဆင်တော့၏။ ပင်ပင်ပန်းပန်းချက်ပြီးနောက် ယန်ယန်ကို အရင်ကျွေးဖို့လုပ်လိုက်ပါသော်လည်း လျိုယင်းရှင်းက ကြားဖြတ်လုယူသွားတော့သည်။

"စုရှောင်းမီ၊ မင်း ငါ့ကို ဒီလောက်ကောင်းကောင်း ဆက်ဆံပေးလိမ့်မယ်လို့ မထင်ထားမိဘူး! ကျေးဇူးပဲနော်"

ပြောပြီးတာနဲ့ ဒေါသအကြီးအကျယ်ထွက်ပြီး မျက်နှာပုပ်သိုးကာ စိမ်းဖန့်ဖန့်အရောင်သန်းနေပြီဖြစ်တဲ့ ရှောင်းမီကို မသိချင်ယောင်ဆောင်၍ အကိုက်အကြီးကြီးတစ်ကိုက်ကိုက်ချပစ်လိုက်တော့၏။ ရှောင်းမီ သူ့လက်ထဲကိုင်ထားလျက်ရှိတဲ့ တူကို ဆွဲလုကာ "ငါမင်းကို တစ်စစီဖြစ်အောင် လုပ်ပစ်ချင်တယ်!!!"

လျိုယင်းရှင်းနောက် အသည်းအသန် ပြေးကာ လိုက်ရိုက်ပါသော်လည်း ခဏအကြာတွင် ကိုယ်ခံအားချင်း မညီမျှမှုကြောင့် ရှောင်းမီ လက်လျှော့လိုက်ရတော့သည်။ လျိုယင်းရှင်းကို ပေါက်ထွက်မတတ် စိုက်ကြည့်ကာ ထို့နောက် သူ ငိုယိုဟန်ယောင်ဆောင်ပြီး ယန်ယန်ဆီသို့ အပြေးအလွှားသွားတိုင်တော့၏။

"ယန်! မင်းအတွက် ငါချက်ပေးထားတဲ့ ဟင်းတွေအကုန် လျိုယင်းရှင်း လုစားပစ်လိုက်တယ်! ငါ့အစား လက်စားချေပေး!"

"ရပါတယ်၊ ငါမစားရတော့ဘူးပေါ့"

"မင်းမစားဘူးလား?"

"အဲဒီအစားအစာတွေက ကင်ဆာဖြစ်စေနိုင်တယ်လေ၊ အဲဒါကြောင့် များများစားရင် ကင်ဆာဖြစ်လွယ်ပြီး အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာ အလွယ်တကူ ဖြစ်နိုင်ခြေ ပိုများတယ်၊ ဆယ်ကျော်သက်အရွယ်တွေမှာဆိုလည်း အမြင်အာရုံကို ပျက်စီးစေနိုင်တဲ့ပိုးတွေ ကူးစက်နိုင်ခြေများတယ်၊ ဒီဟာတွေက ဆီကြော်မုန့်တွေထက်တောင် ဆိုးသေး၊ တကယ့်အမှိုက်သရိုက်ပဲ"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now