အခန်း (၆၄)

1.3K 199 49
                                    

ယန်ယန် ကုတ်အင်္ကျီယူကာ အပြင်ထွက်တော့မဲ့အချိန် ရှောင်းမီက စောင်ပုံထဲ ကွေးနေရာမှ လှမ်းခေါ်လာ၏။

"ယန်~"

"ဟင်?"

ရှောင်းမီ စောင်အောက်မှ ခေါင်းလေးပြူထွက်လာကာ အသံတိုးတိုးနဲ့ သတိပေးလာသည်။

"လူမသတ်ရဘူးနော်"

"ငါချိန်ဆလို့ တတ်ပါတယ်" ပြောပြီးတာနဲ့ ထွက်သွားတော့၏။

                    *****************

ယန်ယန် လျိုယင်းရှင်းပြောတဲ့လမ်းကို ရောက်တော့ သူ့မျက်လုံးများက ဆိုင်မျိုးစုံရှေ့ရပ်ကာ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ကြိုးပမ်းနေကြတဲ့ မိန်းမတအုပ်စုကို ရှာဖွေတော့သည်။ နောက်ဆုံးမှာတော့ စတိုးဆိုင်တံခါး၀နားမှ အဖြူရောင်၀တ်စုံနဲ့မိန်းမတစ်ယောက်ကို လက်ညှိုးညွှန်ပြကာ ခေါ်လိုက်၏။ ထိုကဲ့သို့ခန့်ခန့်ညားညားလူချောလေးဆီမှ အခေါ်ခံလိုက်ရတာကြောင့် သူမ ပျော်မြူးစွာနဲ့ ယန်ယန်ဆီသို့ လျှောက်လာပြီး

"အချောလေး... ရှင်နဲ့အတူ ဒီည လိုက်ခဲ့စေချင်တာလား? ရှင့်လိုလူချောလေးဆိုရင်တော့ တို့ လျှော့ပေးပါမယ်"

ယန်ယန် သူမအား ဗလာသက်သက်မျက်နာပေးဖြင့် တစ်ချက်ကြည့်လိုက်ကာ ကားထဲသို့ ခေါ်ပြီး မောင်းထွက်သွားတော့သည်။

ခါတိုင်းကဲ့သ်ို့ပင် ဖန်ကျန်း ယခင်လို ဂေးဘားနဲ့မလှမ်းမကမ်းနေရာတွင် ထိုင်ပြီး စောင့်မျှော်နေဆဲဖြစ်ကာ ဘားမှ ထွက်လာကြတဲ့အားနည်းပုံပေါ်သူများအား အခါအားလျော်စွာ သင်ခန်းစာပေးလျက်ရှိ၏။ ထိုအရာကို သူ အတော်လေးကိုမှ ကျေနပ်မွေ့လျော်နေတော့သည်။

ထိုအချိန်မှာပဲ ဆက်ဆီကျကျနဲ့ အ၀တ်အစားမပေါ်တပေါ်၀တ်ထားတဲ့ မိန်းမချောလေးတစ်ယောက် သူတို့နားမှ ဖြတ်လျှောက်လာလေရာ ထိုသူများရဲ့အာရုံအလုံးစုံမှာ ထိုကောင်မလေးဆီသို့ ကျရောက်သွားရတော့၏။ ထိုစဉ် ဖန်ကျန်းမှ လေချွန်ခေါ်လိုက်သဖြင့် ထိုမိန်းမချောလေးမှာ လှည့်ကြည့်လာကာ ဆွဲဆောင်မှုရှိစွာပြုံးပြလာပြီး

"ရှင်တို့ ဘယ်လာကြည့်နေကြတာလဲလို့? မုန်းစရာကောင်းလိုက်တာ..."

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now