အခန်း (၁၆)

1.7K 222 13
                                    

နောက်ဆုံးမှာတော့ ရှောင်းမီခမျာ ၀န်လေးစွာနဲ့ အင်တင်တင်ဖြင့် သူ့ဖုန်းကို ယူထုတ်ကာ ယန်ယန်ဆီကိုသာ ဖုန်းခေါ်လိုက်ရလေတော့သည်။ သူဖုန်းခေါ်နေစဉ်တွင် လမ်းတစ်ဖက်ခြမ်းဆီသို့ ဖြတ်ကူးနေလျက်။ အဲ့ဘက်မှာ ပေါင်မုန့်ဆိုင်ရှိသည်ပင်။

"ဟယ်လို" ရှောင်းမီအရမ်းကိုမှ အသုံးမကျဘူးလို့ ခံစားနေရဆဲ။

"အင်း"

"မင်းအိမ်ကို ဘယ်လိုသွားရတာလဲဟင်? ငါလေဆိပ်မှာ လမ်းပျောက်နေလို့"

တစ်ဖက်မှလူက တစ်အောင့်ခန့် တိတ်ဆိတ်သွားပြီး ဘာမှပြောမလာပေ။ ပြီးမှ ယန်ယန် စတင်ဆူပူမာန်မဲတော့၏။

"စုရှောင်းမီ! မင်းက ငါ့ကို ဘာပြောစေချင်တာလဲဟမ်?! မင်းကိုယ်မင်း ရုပ်ရှင်ထဲ ရောက်နေတယ်လို့များ ထင်နေတာလား?! ကျပ်မပြည့်ချက်ကတော့! ငတုံး!"

"ငါ..."

ရှောင်းမီဘာကိုမှ ခွန်းတုံ့မပြန်နိုင်ပေ။ သူ့ခြေဖဝါးအောက်မှ နှင်းခဲများကိုသာ ကန်ပစ်လိုက်လျက်။

"ငါအခုချက်ချင်း ထွက်လာခဲ့မယ်! မင်းရောက်နေတဲ့နေရာမှာ ရပ်နေ! တစ်စက်လေးမှ မလှုပ်နဲ့!"

"ဒါမဲ့..."

"ဒါမဲ့ဘာလဲ?"

"ငါအခု လမ်းကူးနေတာလေ၊ တကယ်လို့ ငါမလှုပ်ရင် ကားတိုက်မိပြီး လမ်းမပေါ်မှာ သေသွားမှာပေါ့လို့"

ရှောင်းမီခမျာကူကယ်ရာမဲ့လျက်။ ယန်ယန် အလုံးစုံပေါက်ကွဲထွက်လာကာ အော်ထည့်ပစ်လိုက်တော့၏ "ငါလူး!!! လမ်းကူးနေတုန်း ဖုန်းပြောနေရလားကွ?!!!"

ယန်ယန်ဖုန်းချပစ်လိုက်တော့သည်။ သူ့ဂျာကင်ကို ဆွဲယူလိုက်ပြီး သူ့မိဘတွေကိုတောင် နှုတ်မဆက်နိုင်တော့ဘဲ သူ့အဖေကားသော့ကို ယူလိုက်ကာ အပြင်သို့ ကမန်းကတန်းထွက်လာလိုက်တော့ချေ၏။

လမ်းတစ်လျှောက်လုံး သူ ရှောင်းမီကို ဆူပူကြိမ်းမောင်းနေလျက်။

သူ့ဖုန်းဘက်ထရီသာ ကုန်နေရင် ဘယ်လိုလုပ်မလဲ? သူသာ ဖုန်းမြည်သံ မကြားလိုက်ရရင်ရော ဘယ်လိုလုပ်မလဲ? ဒီကောင်စုတ်လေး! သူလေဆိပ်မှာ ဘယ်လောက်အထိ အကြာကြီးနေနေရမယ်လို့တောင် မသိနိုင်ဘူး!!!

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now