အခန်း (၄၅)

1.4K 202 28
                                    

ချင်ချန်းအဖြစ်အပျက်ပြီးတဲ့နောက် ရှောင်းမီတစ်ယောက် ရိုရိုဆွိဆွိ ဒရမ်မာဇာတ်လမ်းတွဲများအပေါ် တမ်းတမ်းစွဲမနေတော့ဘဲ ထိုအစား Animeဘက် လိုင်းပြောင်း‌သွားတော့သည်။ တစ်ကားပြီးတစ်ကားဆက်တိုက်ကြည့်ကာ ဝဲဂယက်ထဲရောက်နေသလို မလွတ်မြောက်နိုင်စွာဖြင့်။ ထို့နောက် ဗီရိုထဲ မွှေနှောက်ရှာကာ ဦးထုပ်တစ်လုံး သွားဆွဲထုတ်ပြီး ‌သူ့ခေါင်းပေါ် ဟန်ပါပါ ဆောင်းလိုက်၏။ ပြီးတော့ ဆိုဖာအဖျားစွန်းပေါ် တက်ရပ်ကာ လက်ကို မြှောက်ပြီး

"လာစမ်းပါ၊ ညီအစ်ကိုတို့! ရွက်လွှင့်ကြမယ်ကွ! ငါက မင်းတို့တွေရဲ့ သင်္ဘောကပ္ပတိန်၊ ဦးထုပ်ရှည်နဲ့ Luffyပဲ!"

ပြီးတာနဲ့ သူ့ဘေးမှာ ရပ်ကာ ဖုန်းပြောနေတဲ့ ယန်ယန်ရဲ့လည်ပင်းပေါ် တွယ်ဖက်ကာ နောက်ကျောထက် ခုန်ချလိုက်တော့သည်။ ယန်ယန်က ဖုန်းကိုချကာ ရှောင်းမီဘက် ခေါင်းငဲ့စောင်းကြည့်လာပြီး

"မင်းက ကလေးလား?"

"ငါ့ကို လျစ်လျူရှုထားဖို့ ဘယ်သူပြောလို့လဲ? ပျင်းလို့ပါဆိုနေ"

"ပျင်းရင် စာသွားဖတ်"

"အကြင်နာမမဲ့စမ်းပါနဲ့၊ နားကိုမလည်နိုင်တော့ဘူး၊ မင်းကြည့်လိုက်ရင် နေ့တိုင်း စာအုပ်တွေချည်း ဖတ်နေတာပဲ၊ အဲ့စာအုပ်တွေက ငါ့ထက်များ ပိုကောင်းနေလို့လားဟမ်?"

"မင်းငါ့ကို တကယ် ထုတ်ပြောစေချင်တာလား? ဒါနဲ့ အခုလေးတင်ပဲ ယန်ဟွေး ဖုန်းဆက်လာတယ်၊ မနက်ဖြန် အပျော်ခရီး စခန်းချ သွားကြမယ်တဲ့"

ရှောင်းမီ စခန်းချခရီးထွက်ကြမယ်ဆိုတဲ့အကြောင်းကြားတာနဲ့ချက်ချင်းပဲ ပျော်ရွှင်မြူးတူးစွာဖြင့် တစ်ဖန် ယန်ယန်ကျောပေါ် ခုန်တက်ကာ

"ဒါဆို ငါတို့ ဘာတွေ ပြင်ဆင်သင့်လဲဟင်?"

"ယန်ဟွေးတို့ ကြည့်လုပ်လိမ့်မယ်"

"အိုး! မဟုတ်သေးပါဘူး၊ ငါ ဘာမှ မယူသွားဘဲနဲ့ ဒီအတိုင်း မသွားနိုင်ဘူး! အဓိပ္ပာယ်မရှိလိုက်တာ! မင်း ပန်းရောင်အတွင်းခံဘောင်းဘီကိုတောင် အခုထိ ၀တ်ရသေးတာမဟုတ်ဘူး၊ တကယ်လို့ မင်းမတော်တဆ ရေထဲကျသွားတာပဲဖြစ်ဖြစ်၊ ၀က်ဝံကြီးတစ်ကောင်ကောင်က ဘောင်းဘီတွေ လာဆွဲသွားတဲ့အခါကျ ငါမင်းကို အဲ့ဒါငှားပေးပါ့မယ်လေ၊ ထက်မြက်တဲ့လူဆိုတာ ဘယ်လိုအခြေအနေမျိုးမှာမဆို ကြိုတင် ပြင်ဆင်ထားတတ်တဲ့သူကိုး"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now