အခန်း (၄၇)

1.2K 186 25
                                    

စခန်းချခရီးထွက်ရာမှ ပြန်လာပြီးတဲ့နောက် ရှောင်းမီ ပိုက်ဆံအပြည့်နဲ့အိတ်တစ်လုံး လွယ်ကာ မြှောက်ကြွမြှောက်ကြွဖြင့် စကားပြောရာတွင်လည်း အရင်ကထက် အာကျယ်အာကျယ်နဲ့။ မသိရင် နေ့ချင်းညချင်း သန်းကြွယ်သူဌေးကြီး ဖြစ်သွားသလိုပင်။

ဒီနေ့ သူ နံဘေးအခန်းမှ မိန်းကလေးတစ်ယောက်ဆီကနေ ရည်းစားစာတစ်စောင် လက်ခံရရှိခဲ့၏။ ပန်းရောင်စာအိတ်လေးကို မြင်လိုက်တဲ့အခိုက်အတန့် ရှောင်းမီ အပျော်လွန်ကာ စိတ်လှုပ်ရှားသွားရသည်။ ကြည့်ရတာ သူ့ရဲ့ဆွဲဆောင်မှုက မလျော့သေးဘူးထင်ပါရဲ့။ အတန်းပြီးတာနဲ့ ရှောင်းမီ အိမ်သို့ အပြေးအလွှားပြန်သွားပြီး မဖွင့်ဖတ်ရသေးတဲ့စာအိတ်ကို ထုတ်ကာ ယန်ယန်ရှေ့ ယမ်းပြရင်း

"မင်းအဲ့တာ ဘာလဲသိလား?"

"သေတမ်းစာလား?"

"ဖွ! ဖွ! ဖွ! လွဲပါစေ! ဖယ်ပါစေ! ဘယ်လို ပေါက်ကရ‌စကားတွေ ပြောနေတာလဲ?! အဲ့ဒါ ငါ့အတွက် ရည်းစားစာ! သိတယ်မလား ရည်းစားစာဆိုတာ၊ ယန်! ငါ့မှာလည်း ဒီလိုနေ့မျိုးရှိလာမယ်ဆိုတာ မင်း ဘယ်တုန်းကမှ တွေးမိမှာမဟုတ်ဘူး!"

ယန်ယန် ဆေးလိပ်တစ်လိပ်ကို မီးညှိရင်း ရှောင်းမီလက်ထဲမှ ရည်းစားစာဆိုတဲ့စာအိတ်ကို စိုက်ကြည့်ကာ "မင်းဘာသာမင်း ရေးထားတာမလား?"

ရှောင်းမီ စိတ်ဆိုးမာန်ဆိုးဖြင့် "မင်း ငါ့ကို လျှော့တွက်လွန်းတယ်! ဒီမှာ မင်းယုံအောင် ငါ အခု ဖတ်ပြမယ်"

ရှောင်းမီ စာအိတ်ကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်ပြီး ချောင်းအသာဟန့်လိုက်ကာ အသံကျယ်ကျယ်နဲ့ စတင်ဖတ်ပြလာတော့သည်။

"စုရှောင်းမီ၊ ငါ နင့်ကို အဲ့လို ခေါ်လို့ရပါ့မလား? နင်ကတော့ ငါ့အကြောင်း သေချာမသိလောက်ပေမဲ့ ငါကတော့ နင့်အကြောင်းတွေ အများကြီး သိတယ်၊ နင် ငါ့စာသင်ခန်းရှေ့က ဖြတ်သွားတဲ့အချိန်တိုင်း ငါ့နှလုံးသားက မသက်မသာ ဖြစ်လာရတယ်၊ ငါနင့်ကို အကြိမ်ကြိမ် စကားစပြောချင်ပေမဲ့လည်း ငါက မိန်းကလေးမို့ ရှက်ရွံ့သလို ခံစားရလို့၊ ဒါမဲ့ အခုတော့ ငါတို့စီနီယာကျောင်းသားဖြစ်နေပြီဆိုတော့ ငါထပ်ပြီး ဆက်စောင့်မနေချင်တော့ဘူး၊ နင်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ငါတို့ သူငယ်ချင်းအဖြစ်ကနေ စလို့ရပါတယ်၊ ငါအများကြီး မမျှော်လင့်ပါဘူး...
နင့်ရဲ့ပြန်စာကို စောင့်နေမယ်နော်
တုန်းဖန်းလျန်"

ငါမင်းရဲ့သက်ဆိုင်သူ ဖြစ်ချင်တယ် (ဘာသာပြန်)Where stories live. Discover now