၁၉ အဆက်

4.4K 893 34
                                    

ဟင်းပွဲမည်မျှ ပြင်ဆင်မည်ဆိုသော ကိစ္စကား ယှဉ်ပြိုင်သူနှင့်သာ သက်ဆိုင်လေသည်။  ပြင်ဆင်ပုံက ကောင်းမွန်ပြီး အရသာ ကောင်းလျှင် သူတို့၏ ကြယ်အဆင့် လက်မှတ်၏ နောက်တွင်  ထူးချွန်ဆိုသည့် တံဆိပ်တုံးဖြင့် ထုခံရမည်ဖြစ်သည်။ထိုတံဆိပ်တုံးတို့သည် ကြယ်အဆင့် စာဖိုမှူးတို့ကြားတွင်ပင် အဆင့်အတန်းကို ကောင်းကင်နှင့်မြေကြီးကဲ့သို့ ကွာခြားသွားစေသေးသည်။

ကြယ်တစ်ပွင့်အဆင့် စာမေးပွဲအတွက် လိုအပ်ချက်တွေကား အလွန် ရိုးရှင်းသည်။ပါ၀င်ပစ္စည်းငါးမျိုးဖြင့် ချက်ပြရန် လိုအပ်သည်။ကြယ်နှစ်ပွင့်ဆိုလျှင် ပါ၀င်ပစ္စည်း ၁၅မျိုးလိုအပ်ပြီး သုံးပွင့်ဆိုလျှင် ၂၅မျိုး လိုအပ်သည်။ ကြယ်တစ်ပွင့်ဆီ တက်တိုင်း ပါ၀င်ပစ္စည်း ဆယ်မျိုး တိုးသွားမည်ဖြစ်ကာ စာဖိုမှူး၏ အရည်အချင်းကလည်း နှစ်ဆ တက်ပေလိမ့်မည်။

သို့သော် ကြယ်လေးပွင့်နှင့် ငါးပွင့်တို့ကမူ ထိုမျှ မ၇ိုးရှင်းပေ။ ပါ၀င်ပစ္စည်း၄၅မျိုးခန့် သုံးရမည့်အပြင် အပြင်အဆင်နှင့် အရသာကလည်း သာမန်ထက် သာလွန်ရမည်ပေ။ ကြယ်ငါးပွင့် စာဖိုမှူးဖြစ်လိုလျှင် အပြင်အဆင်ကို ဦးစွာပေး၇မည့်အပြင် ဟင်းပွဲအမျိုးမျိုး ချက်ပြတ်ုတတ်သူလည်း ဖြစ်ရမည်ဖြစ်ပြီး ဆယ်ပွဲကျော်ခန် ပြင်ဆင်ပြရကာ စီနီယာတွေ၏ အသိအမှတ်ပြုမှုရရန် လိုအပ်သေးသည်။ထိုစီနီယာများစွာထဲမှ တ၀က်ကျော်ခန့် အသိအမှတ်ပြုမှသာ လက်မှတ်၇မည်ဖြစ်သည်။

အင်ပါယာက စားသောက်ကုန်တို့အား ြ ပန်လည် ရင်းနှီးမြုပ်နှံလာသည်မှာ နှစ်သုံးဆယ် ကျော်နေပြီဖြစ်ပြီး  ကြယ်ငါးပွင့် အဆင့်သို့ ရောက်ခဲ့သည်မှာ  ဆယ်ယောက်ကျော်သာ ရှိသည်။  လက်၇ှိ အစည်းအရုံးဥက္ကဌသည်လည်း ထိုသူတွေထဲမှ တစ်ယောက်ဖြစ်သည်။ ကြယ်လေးပွင့်တွေပင် အယောက်တစ်ရာ၀န်းကျင်သာ ရှိသည်။ သည်ခေတ်တွင် လူဦးရေ ဘီလီယမ် သန်းရာကျော်၇ှိလေပြီး ထိုထဲက လူအယောက်၁၀၀၀န်းကျင်ကသာ စာဖိုမှူးတွေဖြစ်ကြသဖြင့် ယခင်ခေတ်ရှိ တိရိစ္ဆာန်ရုံထဲမှ ပန်ဒါတွေထက်ပင် ရှားပါးနေတော့သည်။

ပြိုင်နေစဉ်အတွင်း ချက်ပြုတ်ပြီးသည့် ဟင်းပွဲတို့အား စက်က စားသုံးရန် သင့်မသင့် ဦးစွာ စစ်ဆေးမည်ဖြစ်သည်။ ပြဿနာမ၇ှိလျှင် စစ်ဆေးသူတို့က မြည်းမည်ဖြစ်သည်။ စစ်ဆေးသူတို့က လက်ခံလျှင် ထိုသူ အောင်မည်ဖြစ်ပြီး လက်မခံလျှင်ပင် ကျော်ဖြတ်နိုင်တာ့မည် မဟုတ်ပေ။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now