၂၁

4.1K 858 11
                                    

အပိုင်း ၂၁ အပိုင်းခွဲတစ်

ချီကျောက် မျက်မှောင် ကြုတ်လိုက်သည်။  မာရှယ်ဟော်သည် ကြယ်ပြာ အင်ပါယာ၏ အိမ်ကြီးရှင်ဟုတောင် အမည်တပ်နိုင်သည့် ကျော်ကြားသော သူရဲကေင်းဖြစ်သည်။  သူ အပြစ်မပြုဝံ့ချေ။ သို့သော်ယခုလို အခြေအနေတွင်မူ  သူ အားတင်းကာ ပြောလိုက်သည်။

“ မာ၇ှယ်ဟော် မာရှယ်ဟော်ရဲ့ အာဏာက စစ်တပ်ထဲမှာပဲ သက်ရောက်မှုရိတာပါ။ အခု ရောက်နေတာက အစည်းအရုံးပါ။ ဒါကြောင့် မာရှယ်ဟော် ပြောလိုက်တဲ့ စကားက ဘယ်သူ့အမိန့်နဲ့လဲလို့ မေးလို့ရမလား”

ဟော်ယွင်ချန်းက အမူအယာ တစ်ချက် မပြောင်းဘဲ နောက်သို့ လှည့်ကြ ည့်သည်။ သူ့နောက်မှ မုတ်ဆိတ်မွှေးတွေကို ပိုင်ဆိုင်သည့် လူဝြကီးတစ်ယောက်ကို မြင်လိုက်ရလေသည်။ သူ့ကို မြင်လိုက်သည်နှင့် စစ်ဆေးသူတို့၏ အမူအယာတွေ ပြောင်းကုန်သည်။
“ ဥက္ကဌ”

ဥက္ကဌက တည်ငြိမ်စွာဖြင့် ချီကျောက်ကို ကြည့်ကာ ပြောသည်။
“ ငါ့အမိန့်နဲ့ပဲ”

လွန်ခဲ့သော တစ်နာ၇ီခန့်က….

ယွမ့်ထန်း ပြိုင်ပွဲ၀င်ကြောင်း သိသည်နှင့် ပစ်မှတ်ထားခံရမည်အား စိုး၇ိမ်သွားသည့် ဟော်ယွင်ချန်းက အစည်းအရုံး၏ ဌာနချုပ်သို့ ချက်ချင်း ထွက်သွားဖြစ်ခဲ့သည်။

တစ်စုံတစ်ယောက်က ပစ်မှတ်ထားကြောင်း သေချာသည့်တိုင် မည်သူမှန်း သူ မသိပေ။ ထို့အပြင် မည်သို့သော နည်းဖြင့် ဒုက္ခပေးမည်ကိုလည်း သူ မသိချေ။

အစည်းအ၇ုံးက အမြဲတမ်း စစ်တပ်နှင့် ဆက်ဆံရေး ကောင်းခဲ့သည်။ သူတို့က သဘာ၀ထွက်ကုန်တို့ကို စစ်သားတွေကြား ဖြန့်ကာ တွင်ကျယ်စွာ အသုံးပြု စားသောက်လာစေခဲ့သည်။ မူလကမူ ဟော်ယွင်ချန်းက ထိုအချက်ကို ဂရုမစိုက်သည့်အပြင် စိတ်တွင်ပင် မထည့်ခဲ့ပေ။ သို့သော် ယွမ့်ထန်း၏ လက်ရာကို စားပြီးနောက်တွင်မူ ဟော်ယွင်ချန်း ဆန့်ကျင်ခြင်းမ၇ှိတော့ပေ။ ယခုလို လာသည်ကလည်း အကြောင်းပြချက်ကောင်းတစ်ခုလို ဖြစ်နေ၏။

သူ အစည်းအရုံးထဲသို့ ၀င်လိုက်သည်နှင့် အေ၇ှ့ကောင်တာမှပင် ချက်ချင်း သတိပြုမိသွားကြသည်။ဥက္ကဌကို လာရှာကြောင်း သိသည်နှင့် သူ့ကို ဧည့်တွေ့ခန်းတွင် စောင့်ဆိုင်းခိုင်းကာ ဥက္ကဌကို သွားရောက် အကြောင်းကြားကြလေသည်။

ပြန်လည်ရှင်သန်ခွင့်ရတဲ့ ဖုဘလော့ဂါလေးရဲ့ ချက်မယ်ပြုတ်မယ် အစီအစဥ်Where stories live. Discover now