3.1

4.9K 197 12
                                    

Unicode

System Mall ရဲ့ စင်တွေပေါ်မှာ ပစ္စည်းတွေမှ အပြည့်အသိပ်ပဲ.. မျက်စိမူးဝေလောက်အောင် များပြားလွန်းတယ်…

ချီယွိရဲ့လက်ချောင်းသွယ်သွယ်တွေက Screen ပေါ်မှာ ပြေးလွှားနေခဲ့ပြီး ကိုယ်ခံပညာအတွက် Cheat နှစ်ခု အလဲအလှယ်လုပ်လိုက်တာကို နဉ်မုန့်တွေ့လိုက်ရတယ်.. Cheat တစ်ခုစီရဲ့တန်ဖိုးက Points 250 တဲ့…

နဉ်မုန့် အံ့အားသင့်သွားပြီး မျက်တောင်ခပ်လိုက်တယ်.. System ရဲ့ပစ္စည်းတွေက နှစ်ရာ့ငါးဆယ်ပဲ တန်တာလား..

ကိုယ်ခံပညာတွေအတွက် Cheat ဝယ်ခဲ့ပြီးနောက် ထိုအရာများက ရွှေရောင်အလင်းတန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီး ချီယွိရဲ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားတော့တယ်.. ပြီးနောက် ချီယွိရဲ့ နောက်ဆုံး mission ကနေရခဲ့တဲ့ အမှတ်တွေလည်း ပလုံသွားခဲ့လေပြီ..

Screen ရဲ့ မူလစာမျက်နှာကို ပြန်သွားလိုက်တော့ Task Section မှာလည်း Mission အသစ် တက်လာခဲ့တယ်..

[Major General Doom : ကမ္ဘာကြီးအဆုံးသတ်ခဲ့ပြီ.. ဇွန်ဘီးတွေလည်း ပိုမိုများပြားလာခဲ့ပြီ.. Dr.ကျန်းက ဆေးရည်ကြည်တစ်မျိုး ဖန်တီးနိုင်ခဲ့ပေမယ့် ဇွန်ဘီဘုရင်က ပျောက်ကွယ်သွားခဲ့ပြီ..]

တတိယမြောက်တာဝန်က အရင်တာဝန်နှစ်ခုထက် ပိုနည်းတယ်.. ပြီးတော့ မစ်ရှင်ရဲ့အဓိကရည်ရွယ်ချက်က ဘာသဘောလဲဆိုတာ မရှင်းလင်းဘူး..

နဉ်မုန့်က ချီယွိကို မေ့ကြည့်လိုက်တယ်.. ချီယွိလည်း Screen ကနေ အကြည့်လွှဲလိုက်ပြီး နဉ်မုန့်ကို အသာအယာ ခေါင်းညိတ်ပြလာခဲ့တယ်.. သူ့ရဲ့အမူအယာက ထုံးစံအတိုင်း တည်ငြိမ်အေးဆေးနေဆဲပင်..

နဉ်မုန့် ကူးပြောင်းမှုကို စတင်လိုက်တော့၏…

[ Ding! ဝိဉာဉ်အပိုင်းအစတစ်ခု ရှာတွေ့ခဲ့ပြီ.. ပေါင်းစပ်ချင်သလား? ]

သူမရဲ့စိတ်ထဲမှာ နတ်ဘုရားတစ်ပါးရဲ့အသံလိုမျိုး ရုတ်တရက် ထွက်ပေါ်လာခဲ့တယ်..

နဉ်မုန့်ရဲ့နှလုံးသားလေးက ခုန်ပေါက်ထွက်တော့မလိုပဲ.. အသံဘယ်ကလာသလဲဆိုတာ ဂရုမစိုက်နေတော့ပဲ အမြန်ပြန်ဖြေလိုက်တယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now