3.43

775 105 1
                                    

Unicode

Star Base ပျက်ဆီးသွားကတည်းက Dr.ကျန်းက ဓာတ်ခွဲခန်းမှာပဲ ပိတ်မိနေခဲ့တယ်။ Dr.ကျန်းက သုတေသနပြုလုပ်ရာမှာ အရူးအမူးပဲ။ အဲ့တာကြောင့်လည်း ကမ္ဘာပျက်ကပ်မှာ သူ့ရဲ့စိတ်အားထက်သန်မှုက သုတေသနပစ္စည်းတွေနဲ့အတူ ကျော်ကြားလာခဲ့တာပေါ့။

အမှန်တော့ Star Base ကို ဇွန်ဘီတွေတိုက်ခိုက်တုန်းက Dr.ကျန်းမှာ လွတ်မြောက်နိုင်တဲ့အခွင့်အရေးရှိခဲ့တယ်။ သူ့ရဲ့တန်ဖိုးက တခြားလူတွေယှဉ်မရလောက်အောင် အရမ်းမြင့်လွန်းတယ်လေ။ Base ခေါင်းဆောင်နဲ့ အရာရှိတွေကလည်း Dr.ကျန်းကိုကယ်ထုတ်ဖို့ ကြိုးစားခဲ့ကြပေမယ့် Dr.ကျန်း သူ့ရဲ့ကိုယ်ပိုင်ဓာတ်ခွဲခန်းကို ပြန်သွားခဲ့တယ်။ ဘာလို့လဲဆိုတော့ အရမ်းအရေးကြီးတဲ့ပစ္စည်းတစ်ခု ဓာတ်ခွဲခန်းမှာ ကျန်ရစ်ခဲ့လို့ပဲ။

အဲ့တာကြောင့် ဓာတ်ခွဲခန်းထဲမှာ ပိတ်မိခဲ့ရခြင်းပင်။ ကံကောင်းချင်တော့ ဓာတ်ခွဲခန်းပြိုကျသွားတဲ့အချိန်မှာ သူအပြင်ထွက်လို့မရသလို ဇွန်ဘီတွေလည်း ဝင်လာလို့မရခဲ့ဘူး။ ဓာတ်ခွဲခန်းကို အထူးတည်ဆောက်ထားတာဆိုတော့ ကြိုတင်သိုလှောင်ထားတဲ့ ရေနဲ့အစားအစာတွေကိုစားပြီး အသက်ဆက်ခဲ့ရတယ်။

Floating Light Base ကို အကူအညီလိုကြောင်း အချက်ပြပြီးနောက် ဓာတ်ခွဲခန်းထဲမှာပဲ ပုန်းအောင်းနေခဲ့ပြီး တခြားလူတွေလာကယ်မှာကို စောင့်နေလိုက်တယ်။

မြေစွမ်းအားရှင်တွေ ဖောက်လုပ်ခဲ့တဲ့တွင်းကြီးက ဓာတ်ခွဲခန်းနဲ့ကွက်တိပဲ။ ချီယွိက ပထမဆုံးအောက်ဆင်းသွားလိုက်ပြီး နဉ်မုန့်က ချီယွိရဲ့နောက်မှာ ကပ်ပါလာခဲ့တယ်။ သူတို့အောက်ရောက်တော့ တစ်ယောက်အိပ်ခုတင်ပေါ်မှာ လဲလျောင်းနေတဲ့ လူကြီးတစ်ယောက်ကို တွေ့လိုက်ကြရတယ်။

အဖြူရောင်ကုတ်အင်္ကျီနဲ့ ဝါထိန်နေတဲ့မျက်နှာ.. သံသယဝင်စရာမရှိအောင် ဒီလူက Dr.ကျန်းပဲ။

“မင်းတို့.. နောက်ဆုံးတော့ မင်းတို့ရောက်လာကြပြီပေါ့..”

ချီယွိတို့ကိုကြည့်ပြီး Dr.ကျန်းရဲ့မျက်ဝန်းတွေထဲ၌ မျှော်လင့်ချက်အရိပ်အယောင်များ တလက်လက်တောက်ပလာခဲ့တော့၏။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now