3.14

1K 130 2
                                    

Unicode

နဉ်မုန့်က မှန်ရှေ့ကနေ အတော်ကြာအောင် မခွာနိုင်ခဲ့ဘူး.. ကိုယ့်ကိုယ်ကိုပြန်ကြည့်ရင်း တစိမ့်စိမ့်သဘောတွေကျနေခဲ့တာ.. အတော်ကြာမှ ရေချိုးခန်းအပြင်ကို ထွက်လာနိုင်ခဲ့တယ်..

အခန်းပြင်ထွက်ပြီး အောက်ထပ်ကိုဆင်းလိုက်တာနဲ့ အစေခံတစ်ယောက်က နဉ်မုန့်အနားရောက်လာခဲ့ပြီး ‘သူမဘာစားချင်လဲ’လို့ မေးမြန်းလာခဲ့တယ်.. နဉ်မုန့်လည်း တခနစဉ်းစားလိုက်ပြီး..

“ကျွန်မအစ်ကို ဒီနေ့စားမယ့်အတိုင်း ပွဲသေးစီစဉ်ပေးပါ..”

“ဒီနေ့ သခင်လေးက အသားဆန်ပြုတ်သောက်တာပါ.. သခင်မလေး.. ခနထိုင်ဦးနော်.. ကျွန်မ သွားပြိးပြင်ဆင်ခိုင်းလိုက်ပါ့မယ်..”

အစေခံကပြောပြီးတာနဲ့ မီးဖိုချောင်ထဲကို အပြေးထွက်သွားတော့တယ်..

ကမ္ဘာပျက်နေချိန်ဆိုပေမယ့် စွမ်းအားရှင်တွေက တနေ့တခြားပေါ်ထွက်နေတာ.. သူတို့စခန်းမှာဆို ဟင်းသီးဟင်းရွက်တွေကို ကြီးထွားလာအောင်လုပ်ပေးနိုင်တဲ့ သစ်သားစွမ်းအားရှင်တွေမှ တစ်ပုံကြီးပဲ.. သာမာန်လူတွေကတော့ မွေးမြူရေးလုပ်ကြတယ်.. ဒါပေမဲ့လည်း လောကနိယာမအရ လူတိုင်းနီးပါးတော့ ဒီလိုမျိုးမစားနိုင်ကြဘူး...

နဉ်မုန့် မနက်စာစားပြီးနောက် ချီယွိလည်းရောက်ရှိလာခဲ့တယ်..
သူက အင်္ကျီတောင်လဲပြီးနေခဲ့ပြီ.. မနေ့ညကလို အနက်ရောင်ဝတ်စုံ မဟုတ်တော့ဘူး.. ဒါပေမဲ့ စစ်ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားခဲ့တယ်..

စစ်တပ်ဝတ်စုံကလည်း တကယ့်ကိုရှိန်လောက်စရာပဲ.. ပြီးတော့ ချီယွိအတွက် အထူးဖန်တီးထားသလား အောက်မေ့ရတယ်.. ဝတ်စုံက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အလိုအပိုမရှိ.. သူ့ရဲ့ရှည်လျားတဲ့ခြေထောက်နဲ့ သေးသွယ်တဲ့ခါးကို ရှင်းရှင်းလင်းလင်း ဖော်ကျူးထားသလိုပဲ...

ချီယွိရဲ့မျက်နှာက ထုံးစံအတိုင်း အမူအယာကင်းမဲ့နေပြီး အေးစက်တဲ့အရှိန်အဝါကြောင့် နဉ်မုန့်တောင် စကားပြောဖို့ရှိန်သွားတယ်.. လုံးဝကို သူရဲကောင်းအရှိန်အဝါအပြည့်..

“Host..”

ချီယွိကိုမြင်လိုက်တာနဲ့ နဉ်မုန့်တစ်ယောက် ခါးမတ်သွားခဲ့တယ်.. သူမကြည့်ရတာ မိခင်ကိုမြင်လိုက်ရတဲ့ သားရဲပေါက်စလေးလိုပဲ.. ချီယွိဆီကို အပြေးသွားပါလေရော...

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now