3.4

1.5K 144 12
                                    

Unicode

လူတော်တော်များများ ရောဂါကူးစက်ခံလိုက်ရပြီး ဇွန်ဘီးအဖြစ်ကို ပြောင်းလဲသွားခဲ့တယ်.. တချို့လူတွေကျတော့ မျိုးဗီဇပြောင်းသွားပြီး နောက်တစ်ရက်မှာ သဘာဝလွန်စွမ်းအားရှင်အဖြစ် ဖြစ်လဲသွားခဲ့ကြတယ်.. အသီးသီးမှာ မတူညီတဲ့အားသာချက်တွေနဲ့ စွမ်းအားတွေ ရှိနေတာမျိုးပေါ့..

အဲ့လူနှစ်မျိုးအပြင် နောက်ထပ်တစ်မျိုးလည်း ရှိသေးတယ်.. အဲ့တာက သာမာန်လူတွေပေါ့.. ကမ္ဘာကြီးအဆုံးသတ်သွားပေမယ့် သူတို့ခမျာ ဘုရားသခင်ရဲ့ နှစ်သက်ခြင်းမခံရသလို၊ ငြင်းပယ်ခြင်းလည်း မခံရရှာဘူး.. ဇွန်ဘီလည်းမဟုတ်သလို စွမ်းအားလည်း မပိုင်ဆိုင်ကြရဘူး...

ကမ္ဘာပျက်ပြီးနောက် ကမ္ဘာကြီးက ငရဲခန်းလိုဖြစ်သွားတော့တယ်..

ကျွင်းလင်းမော့က ကျွင်းမိသားစုရဲ့ အမွေဆက်ခံသူဆိုတော့ ကမ္ဘာပျက်ကပ်ရောက်တာနဲ့ လျင်မြန်စွာပဲ တုံ့ပြန်နိုင်ခဲ့တယ်.. ကျွင်းမိသားရဲ့အရှိန်အဝါနဲ့ သူ့ရဲ့ကိုယ်ပိုင်အဆက်အသွယ်တွေကိုသုံးပြီး လုံခြုံရေးစခန်းတစ်ခုကို အမြန်ဆုံးတည်ထောင်နိုင်ခဲ့တယ်..

ကျွင်းလင်းမော့ရဲ့က စခန်းကို ‘Floating Light Base’ လို့ နာမည်ပေးလိုက်တယ်.. ဒါပေမဲ့ စခန်းရဲ့ခေါင်းဆောင်က သူ,မဟုတ်ဘူး.. သူ့ဖခင်ဖြစ်သူ ကျွင်းချင်ပဲ...

‘Floating Light Base’က ထွက်ပြေးလာသမျှလူတိုင်းကို လက်ခံထားနိုင်ခဲ့တယ်.. ကမ္ဘာပျက်ပြီးတာနဲ့တပြိုင်နက် အစောဆုံးတည်ထောင်နိုင်ခဲ့တဲ့စခန်းဖြစ်တာကြောင့် အင်အားအကြီးဆုံးစခန်းသုံးခုရဲ့တစ်ခုအပါအဝင်ဖြစ်လာခဲ့တယ်.. စခန်းခေါင်းဆောင်ရဲ့သားဖြစ်ပေမယ့် ကျွင်းလင်းမော့ရဲ့ဂုဏ်သတင်းကလည်း သူ့အဖေအောက် နောက်မကျခဲ့ဘူး..

ကမ္ဘာပျက်ကပ်မတိုင်ခင်ကတည်းက ကျွင်းလင်းမော့က စစ်တပ်နဲ့အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အသိုက်အဝိုင်းမှာ အစွမ်းအစရှိတဲ့မျိုးဆက်သစ်တစ်ယောက်အဖြစ် ကျော်ကြားခဲ့တယ်.. ကမ္ဘာပျက်ပြီးနောက်မှာလည်း စွမ်းအားပြင်းထန်တဲ့ မိုးကြိုးစွမ်းရည်နိုးထလာခဲ့တယ်..

ထိုအချိန်မှစ၍ ကမ္ဘာပျက်ကပ် ၇ နှစ်အတွင်း ကျွင်းလင်းမော့က Floating Light Base ရဲ့ စွမ်းအားကြီးပုဂ္ဂိုလ်အဖြစ် ရပ်တည်နိုင်ခဲ့တယ်.. ကျွင်းလင်းမော့ ဘယ်လောက်ကျော်ကြားခဲ့သလဲဆိုရင် အမျိုးသမီးတွေတင်မကဘူး.. အမျိုးသားတွေကပါ သူ့အတွက် ကွေးပေးချင်နေကြတော့တာပဲ.. သူတို့တွေက ကျွင်းလင်းမော့ရဲ့စောင့်ရှောက်မှုကို ခံယူချင်ကြတယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now