3.12

1.1K 123 8
                                    

Unicode

နဉ်မုန့်ရဲ့ သေးသေးသွယ်သွယ်ခန္ဓာလေးက ချီယွိကြောင့် တဖြည်းဖြည်းနဲ့ချောင်ကပ်သွားတော့တယ်..

သူမရဲ့အိစက်စက်ခုတင်လေးကြောင့် ပျော်ရွှင်နေခဲ့ရတဲ့နဉ်မုန့်ခမျာ အခုတော့ ချောင်ကပ်အိပ်နေရရှာပြီ.. လှုပ်လိုက်တိုင်း အေးစက်စက်နံရံနဲ့ ဆီးကြိုနေလေရဲ့...

နဉ်မုန့်လည်း သူမရဲ့နှလုံးသားလေးထဲမှာ တိတ်တဆိတ်ငိုကြွေးမိနေတော့တယ်..

“Host..” နဉ်မုန့်က ချီယွိကိုခေါ်လိုက်တယ်..

ချီယွိကိုရန်တွေ့ချင်ပေမဲ့ ချီယွိကသူမဘက်လှည့်လာခဲ့ပြီး သူမရဲ့ခန္ဓာကိုယ်သေးသေးလေးကို ရင်ခွင်ထဲပွေ့ဖက်ပစ်လိုက်တယ်..

“ပြဿနာမရှာနဲ့တော့.. အရမ်းနောက်ကျနေပြီ.. အိပ်ကြမယ်..” ချီယွိရဲ့ခပ်တိုးတိုးလေသံက နဉ်မုန့်ရဲ့ဦးခေါင်းထက်မှာ ထွက်ပေါ်လာခဲ့တယ်..

ဒီလိုမျိုးကြီး ချီယွိရဲ့လက်မောင်းကြားမှာ ပွေ့ဖက်ခံထားရတော့ နဉ်မုန့်ရဲ့ခန္ဓာလေးက ရုတ်တရက် တောင့်တင်းသွားခဲ့ရတယ်.. သူမရဲ့အသိစိတ်ကလည်း ခန္ဓာကိုယ်ကို စွန့်ခွာသွားတော့တယ်.. ဒါပေမဲ့ ချီယွိရဲ့လုပ်ရပ်ကို မတုံ့ပြန်မိခဲ့ဘူး..

ဘယ်လိုပဲပြောပြော ပထမဘဝတုန်းက ကြောင်လေးအဖြစ်၊ ဒုတိယဘဝမှာတော့ ခွေးလေးအဖြစ်နဲ့ ချီယွိရဲ့လက်မောင်းကြားမှာ နေ့စဉ်ရက်ဆက်ဆိုသလို နေခဲ့ဖူးတာပဲလေ.. ချီယွိနဲ့ သိပ်ပြီးမစိမ်းတော့ဘူး..

ကာလကြာဆက်ဆံရေးကြောင့် နှစ်ယောက်သား ထွေထွေထူးထူးမတွေးနေပဲ တဖြည်းဖြည်းနဲ့တိုးကပ်သွားခဲ့တယ်..

ဒါပေမဲ့ အိမ်မွေးအကောင်လေးဘဝတုန်းကတောင် ချီယွိကသူမကို ဖက်ပြီးမအိပ်ဖူးဘူး.. ချီယွိက အမြဲတမ်းလိုလိုခုတင်ပေါ်မှာအိပ်ပြီး သူမကိုတော့ ခေါင်းအုံးပေါ်မှာ တင်ထားတတ်တယ်.. အခုလို ချီယွိနဲ့အတူတူအိပ်တာ သူမအတွက်တော့ ပထမဆုံးအကြိမ်ပဲ..

နှစ်ယောက်စလုံး ညအိပ်ဝတ်စုံတွေပဲ ဝတ်ထားကြတာဆိုတော့ သူမနဲ့ချီယွိကြားက ကွာခြားချက်ကို ခံစားမိလိုက်တယ်.. သူမက တို့ဟူးနဲ့လုပ်ထားသလိုပဲ.. အရမ်းနူးညံ့တယ်.. ချီယွိကတော့ သံမဏိနဲ့လုပ်ထားသလား ထင်မှတ်ရတယ်.. သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက မာကျောတောင့်တင်းနေရောပဲ..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now