3.30

933 127 9
                                    

Unicode

အေးစက်မှုတွေနဲ့ စိုးရိမ်ကြောင့်ကြစိတ်တွေက ဟုန်ရင်ရဲ့မျက်လုံးထဲမှာအထင်းသား။

ဆုရှုတို့အဖွဲ့က လူအင်အားတောင့်ပေမယ့် သူမတို့ဘက်မှာ ဆယ်ဆ,မကတဲ့လူတွေရှိတယ်။ ဒါပေမဲ့ အင်အားမျှရဲ့လားဆိုတာကိုတော့ သေချာမသိသေးဘူး။

နှစ်ဖက်စလုံးက တိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေကြပြီ။ တကယ်သာတိုက်ခိုက်ခဲ့ရင် ဆုရှုတို့အတွက်လည်း အခြေအနေမကောင်းဘူး။ အဲ့တာကြောင့် ဆုရှုလည်း ချီယွိကိုလှည့်ကြည့်လိုက်တယ်။

နဉ်မုန့်လေးကို သူ့ရဲ့လက်မောင်းကြားမှာဖက်ထားတဲ့ချီယွိက မျက်လုံးကိုမှေးစင်းလိုက်ပြီး..

“ကားထဲကထွက်ပေးလိုက်..”

“ဟုတ်ကဲ့ ခေါင်းဆောင်..”

ဆုရှုက ပြန်ဖြေပြီးတာနဲ့ ကားထဲကနေထွက်ပေးလိုက်တယ်။ ကားငါးစီးလုံးရဲ့တံခါးတွေက ပွင့်ဟလာခဲ့ပြီး လူတိုင်းဆင်းလာကြတော့တယ်။ ချီယွိနဲ့နဉ်မုန့်လည်း ချွင်းချက်မဟုတ်ခဲ့ဘူး။

ဟုန်ရင်က အသာတကြည်ဆင်းလာကြတဲ့လူတွေကြောင့် အနည်းငယ်တုံ့ဆိုင်းသွားခဲ့တယ်။ ဒါပေမဲ့ သူမရဲ့လူတွေကိုခေါ်ပြီး ကားတွေကို စစ်ဆေးကြည့်လိုက်တယ်။

ကားတစ်လုံးကို ပိုက်စိတ်တိုက်စစ်ဆေးနေကြလေရဲ့။ ကားနောက်ဖုံးနဲ့ အင်ဂျင်နေရာတွေပါမချန်ဘူး။ ကားအောက်ပါမကျန် ဝင်ပြီးစစ်ဆေးခဲ့ကြတယ်။

အတော်ကြာအောင် စစ်ဆေးပြီးတော့မှ ဟုန်ရင်နဲ့သူ့လူတွေလည်း လက်လျော့သွားခဲ့တယ်။ ထို့နောက် ဟုန်ရင်ရဲ့အေးစက်စူးရှတဲ့မျက်ဝန်းတွေက ဆုရှုနဲ့တခြားလူတွေကို တစ်ယောက်ချင်းအသေးစိတ်ကြည့်လာခဲ့ပြန်တယ်။

ရုတ်တရက် သူမရဲ့ခန္ဓာကိုယ်ကနေ ပြင်းထန်တဲ့အရှိန်အဝါတစ်ခု ထုတ်လွှတ်လာခဲ့တယ်။ ထိုဖိအားက ဆုရှုနဲ့တခြားလူတွေကို ထိတ်လန့်သွားစေပြီး တန်ချင်းချင်းလိုအဆင့်နိမ့်စွမ်းအားရှင်တွေကို မြေပြင်ပေါ်လဲကျသွားစေခဲ့တယ်။

အတော်ကြာသွားတော့မှ ဟုန်ရင်က ဆုရှုတို့အပေါ် သံသယမဝင်တော့ပဲ သူမရဲ့အရှိန်အဝါကိုပြန်လည်ရုတ်သိမ်းလိုက်တယ်။ စက္ကန့်ပိုင်းအတွင်းမှာပဲ ထက်မြက်သိမ်မွေ့တဲ့အမျိုးသမီးအဖြစ် ပြန်လည်ပြောင်းလဲသွားခဲ့တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now