3.59

740 84 4
                                    

Unicode

“Dr.ကျန်းက သုတေသနတွေလုပ်ခဲ့ပေမယ့် သူ့ကိုယ်သူတော့ မစမ်းသပ်ခဲ့ဘူး။ ဒါက သူ့ရဲ့ကိုယ်ပွားပဲ.. အဲ့လိုသတ်လို့မရဘူး..”

အသံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့တာကြောင့် နဉ်မုန့်လည်း ကပျာကယာ လှည့်ကြည့်လိုက်တယ်။

ချီခယ့်ပဲ..!

ဘယ်တုန်းကရောက်နေသလဲဆိုတာတောင် သူမ,မသိလိုက်ဘူး။

“ချီခယ့်..? ဘယ်လိုလုပ်ဒီရောက်လာတာလဲ..? အစ်ကိုဆုရှုနဲ့ အစ်ကိုမော့ရှုန်းတို့ရော ပါလာလား..?”

နဉ်မုန့်လည်း ပတ်ဝန်းကျင်ကိုကြည့်ရင်း ချီခယ့်အနားကို သွားလိုက်တယ်။

သူမရဲ့အမူအမူအရာကိုကြည့်ပြီး သူမဘာမှမသိသေးမှန်း ချီခယ့်သဘောပေါက်လိုက်တယ်။ Dr.ကျန်းဖမ်းခေါ်သွားတုန်းက သူမတစ်ခုခုဖြစ်သွားမှာကို စိုးရိမ်နေခဲ့တာ။ နောက်ပိုင်းဖြစ်တဲ့ကိစ္စကို မသိသေးဘူးထင်ပါရဲ့။

ချီခယ့်က ဘာမှပြန်ဖြေပဲ နဉ်မုန့်ကို နက်ရှိုင်းစွာ စိုက်ကြည့်နေခဲ့တယ်။

နဉ်မုန့်လည်း ရပ်တန့်သွားခဲ့ပြီး..

“နင်နဲ့ Dr.ကျန်းက တစ်ဖွဲ့တည်းလား..?”

နဉ်မုန့်က မေးလိုက်ပေမယ့် သူမရဲ့အသံက အရမ်းသေချာနေသလိုပဲ။ ချီခယ့်က ပြန်မဖြေခဲ့ပြန်ဘူး။ ဒါပေမဲ့ ဆိတ်ဆိတ်နေခြင်းက တခြားရှုထောင့်ကကြည့်ရင် ဝန်ခံလိုက်တဲ့သဘောပဲမဟုတ်လား။

နဉ်မုန့်က မျက်မှောင်ကြုတ်လိုက်ပြီး ချီခယ့်နဲ့ ခပ်ဝေးဝေးနေလိုက်တယ်။ ထို့အပြင် ချီခယ့်ရဲ့အပြုအမူကို သတိထားပြီး စောင့်ကြည့်နေလိုက်တယ်။

“ငါမင်းကို ဒဏ်ရာရအောင် မလုပ်ပါဘူး..”

ချီခယ့်ပြောလာပေမယ့် နဉ်မုန့်က မယုံတော့ဘူး။ Dr.ကျန်းကိုလည်း ယုံခဲ့ပြီးပြီ။ အဲ့တာကြောင့် သူမကိုယ်တိုင်နဲ့ချီယွိကို အန္တရာယ်ကြားထဲ ရောက်စေခဲ့ရတယ်။ အခု ချီယွိကလွဲရင် ဘယ်သူ့ကိုမှ မယုံရဲတော့ဘူး။

နဉ်မုန့်ရဲ့အမူအယာကိုကြည့်ပြီး ချီခယ့်က ဝမ်းနည်းသွားသလို ခေါင်းငုံ့သွားခဲ့၏။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now