3.32

920 117 3
                                    

Unicode

ကားပေါ်မှာပါလာတဲ့ ချီရှားဆိုတဲ့စစ်သားက ထိုကောင်လေးကိုကြည့်ပြီး ပြောလိုက်တယ်။

“ဟေး.. ဒီကောင်လေးကြည့်ရတာ ချောပြီးကြည့်ကောင်းသားပဲ..! တစ်ခါမှမမြင်ဖူးဘူးနော်..”

တခြားတစ်ယောက်က ဖြတ်ပြောလိုက်တယ်။

“ကျွင်းနင်က လူသားတစ်ယောက်ကို ဘယ်လိုမျိုးသယ်လာသလဲဆိုတာကို ဂရုစိုက်သင့်တာမဟုတ်ဘူးလား..?”

လူသားတစ်ယောက်က ဘာမှမရှိတဲ့လေထုထဲကနေ ရုတ်တရက်ပေါ်ထွက်လာတာလေ...

နဉ်မုန့်က ချီယွိကိုလှည့်ကြည့်လိုက်ပေမယ့် ချီယွိကဘာမှဝင်ပြောမယ့်ပုံမပေါ်ဘူး။ အဲ့တာကြောင့် နဉ်မုန့်လည်း တိုးညှင်းစွာပြန်ဖြေလိုက်တယ်။

“ကျွန်မမှာ Space တစ်ခုရှိတယ်.. စမ်းသပ်ကြည့်ရင်းနဲ့ လူဝင်လို့ရတာကိုသိလိုက်ရတာ..”

လျှိုဟန့်က သက်ပြင်းရှိုက်လိုက်ပြီး..

“မိုက်လိုက်တာ..! လူတွေကိုထည့်သိမ်းလို့ရတဲ့ Space မျိုး တစ်ခါမှမမြင်ဖူးဘူး..”

ထို့နောက် လူတိုင်းရဲ့အာရုံက ကောင်လေးပေါ်ကို ကျရောက်သွားပြန်တယ်။ ဒီကောင်လေးကိုကြည့်ရတာ အားနည်းပြီးတော့ စွမ်းအားရှိမယ့်ပုံမပေါ်ဘူး။ ဟုန်ရင်နဲ့သူမရဲ့လူတွေက ဒီကောင်လေးကို ဘာလို့အရမ်းတန်ဖိုးထားနေမှန်း နားမလည်နိုင်တော့ဘူး။

ဆုရှုက ကောင်လေးကိုမေးမြန်းကြည့်ပေမယ့် ထိုကောင်လေးက စကားတစ်လုံးတောင်မပြောခဲ့ဘူး။ လူတိုင်းက တစ်ခုခုမှားယွင်းနေသလို ခံစားလိုက်ကြရတယ်။ ကောင်လေးရဲ့အသွင်အပြင်က ချောမောခန့်ညားပေမယ့် သူ့ရဲ့မျက်ဝန်းတွေက ခံစားချက်မရှိပဲ အသက်မဲ့နေသလိုပဲ။

ကျွင်းနင်ရဲ့ Space ထဲကနေထွက်လာတာ အချိန်ကြာနေပြီလေ.. အခုထိ မျက်နှာသေကြီးပဲလား..? အေးစက်နေတာမျိုးမဟုတ်ပဲ လောကကြီးကိုစိတ်ကုန်နေသလိုမျိုး၊ လိုလားတောင့်တချက် တစ်ခုမှမရှိသလိုမျိုး။

ဒီကောင်လေးအကြောင်းကို ဘာမှမသိရသေးပေမယ့် ဟုန်ရင်တို့ရဲ့အပြုအမူကိုကြည့်ရင် သာမာန်လူတစ်ယောက်တော့ မဟုတ်လောက်ဘူး။ ချီယွိနဲ့တခြားလူတွေလည်း ဒီကောင်လေးကို ယာယီထိန်းသိမ်းထားဖို့ ဆုံးဖြတ်လိုက်ကြတယ်။ လုံခြုံသွားတဲ့နေရာရောက်မှ သူ့ဘာသာခရီးဆက်သွားပေါ့။ သူတို့တွေက Dr.ကျန်းကိုရှာပြီး Base ကိုပြန်ခေါ်သွားရဦးမယ်လေ။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now