3.57

723 96 0
                                    

Unicode

နဉ်မုန့်လည်း ဘာမှတွေးမနေတော့ပဲ သူမရဲ့လက်ထဲကဓားဖြင့် ချီယွိကိုလှမ်းကုတ်ရန် ဟန်ပြင်နေသည့် ဇွန်ဘီရဲ့လက်ကို ခုတ်ချပစ်လိုက်၏။ ထို့နောက် လည်ပင်းကိုပါ တရစပ်တည်း ခုတ်ချပစ်လိုက်လေတယ်။

ထိုဇွန်ဘီခမျာ ဟိန်းဟောက်ချိန်တောင် မရလိုက်ပဲ နဉ်မုန့်ရဲ့ သုတ်သင်ခြင်းကို ခံလိုက်ရတော့တယ်။ ထို့နောက် နဉ်မုန့်က ချီယွိရဲ့လက်ကိုဆွဲပြီး အမြန်ပြေးတော့တယ်။

ထိုဖြစ်ရပ်က Dr.ကျန်းရဲ့အာရုံကို ဆွဲဆောင်မိသွားတာကြောင့် Dr.ကျန်းက ဇွန်ဘီတွေကို ချက်ချင်းစေလွှတ်လာခဲ့လေ၏။ သို့သော်ငြား Dr.ကျန်းနဲ့ ဇွန်ဘီတွေရောက်လာတဲ့အချိန်မှာ ဇွန်ဘီရဲ့အလောင်းအပြင် ဘာမှမရှိတော့ပေ။

နဉ်မုန့်လည်း ချီယွိကိုပြောလိုက်တယ်။

“Host.. Dr.ကျန်းက ကျွန်မကို ရှင်ရောက်လာအောင် ဓားစာခံအဖြစ် သုံးဖို့ကြံရွယ်ထားခဲ့တာ.. ပြီးတော့ ရှင့်ကိုဖမ်းချုပ်ပြီး ဇွန်ဘီဘုရင်ဖြစ်အောင် လုပ်မလို့တဲ့.. ကျွန်မတို့ကိုတိုက်ခိုက်ခဲ့တဲ့ အဆင့်မြင့်ဇွန်ဘီတွေက သူဖန်တီးထားတာတွေပဲ.. အဲ့တာကြောင့် ကျွန်မသူ့ကို အာရုံလွှဲထားလိုက်မယ်.. Host အမြန်ပြေးတော့..”

“အဲ့လိုလုပ်မယ်ဆိုရင် ကိုယ်ဘာလို့ဒီကိုလာနေဦးမှာလဲ..?”

ချီယွိက ခပ်ပြတ်ပြတ်ပြန်ဖြေလိုက်တယ်။ ထိုအခါမှ နဉ်မုန့်လည်း သူမကိုယ်သူမ အရမ်းတုံးတယ်လို့ ခံစားလိုက်ရတော့တယ်။

Dr.ကျန်းက သူတို့နှစ်ယောက်ကို နေရာအနှံ့လိုက်ရှာနေပြီး ဇွန်ဘီတွေက ချီယွိရဲ့အနံ့ကို ခံစားမိသွားသည့်အချိန် အော်ဟစ်နေကြသလို Dr.ကျန်းက နဉ်မုန့်နဲ့ချီယွိတို့ရဲ့အရှေ့မှာ ထွက်ပေါ်လာခဲ့ပြီး ထူးဆန်းသည့်အပြုံးမျိုးဖြင့် အော်ပြောလိုက်တယ်။

“ကျွင်းလင်းမော့.. မင်းရောက်လာမယ်ဆိုတာ ငါသိသားပဲ..”

နဉ်မုန့်က Dr.ကျန်းကို ရန်လိုစွာကြည့်လိုက်ပြီး ချီယွိအရှေ့မှာ ပိတ်ရပ်ထားလိုက်၏။

“မင်းခြေထောက်ကောင်းသွားပြီလား..?”

Dr.ကျန်းက နဉ်မုန့်ရဲ့ခြေထောက်ကို သိလိုစိတ်ပြင်းပြစွာ စိုက်ကြည့်လာခဲ့တာကြောင့် ချီယွိရဲ့မျက်နှာက မည်းမှောင်သွားခဲ့ပြီး နဉ်မုန့်ကို သူ့ရဲ့ဘေးနား ပြန်ဆွဲထားလိုက်တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now