3.33

894 118 8
                                    

Unicode

ချီရှားရဲ့စကားတွေကြောင့် နဉ်မုန့်ရဲ့မျက်ဝန်းများက အနည်းငယ်လှုပ်ရှားသွားခဲ့တယ်။ ဒီကမ္ဘာကိုရောက်လာတာ ကြာပြီဆိုပေမယ့် ဇွန်ဘီဘုရင်ရဲ့အကြောင်းကို တစ်စုံတစ်ယောက်ရဲ့ပါးစပ်ကနေ ပထမဆုံးအကြိမ်ကြားဖူးခြင်းပင်။ နဥ်မုန့်က ချီယွိကို ကမန်းကတန်း လှည့်ကြည့်လိုက်တယ်။

ချီယွိရဲ့မျက်နှာကတော့ တည်ငြိမ်အေးစက်နေဆဲ။ နဉ်မုန့်လည်း ချီယွိဘာတွေတွေးနေသလဲဆိုတာကို အကဲမခတ်နိုင်ခဲ့ဘူး။

ဒါပေမဲ့ နဉ်မုန့်လှည့်ကြည့်လာတာကို သတိထားမိလိုက်တော့ ချီယွိက သူမရဲ့လက်ဖဝါးလေးကိုဆုပ်ကိုင်လိုက်ပြီး သူမရဲ့ဦးခေါင်းကို ညင်သာစွာပုတ်ပေးလိုက်တယ်။ နောက်ကွယ်ကထိန်းချုပ်နေတဲ့အရာက ဇွန်ဘီဘုရင်ဖြစ်နေရင်လည်း သေမှာကိုထိုင်စောင့်နေလို့မဖြစ်ဘူး။ ဇွန်ဘီအုပ်ကြီးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာတာကြောင့် ချီယွိလည်း အမိန့်ပေးလိုက်တော့တယ်။

“ငါလမ်းရှင်းပေးမယ်.. ဖြတ်မောင်းဖို့ပြင်ထား..”

“ဟုတ်ကဲ ခေါင်းဆောင်..”

ဆုရှုက ပြန်ဖြေလိုက်တယ်။ ချီယွိက ကားခေါင်မိုးပေါ်ကို ကျွမ်ကျင်သွက်လတ်စွာ တွယ်တက်သွားလိုက်ပြီး ဆုရှုကလည်း ကားမောင်းရန် အသင့်ပြင်လိုက်တယ်။ တခြားကားတွေလည်း သူတို့ရဲ့လှုပ်ရှားမှုကို သတိပြုမိသွားတာကြောင့် ကားတစ်စီးစီမှ တစ်ယောက် သို့မဟုတ် နှစ်ယောက်ခန့်ထွက်လာကြပြီး ချီယွိနဲ့အတူ ဇွန်ဘီတွေကိုတိုက်ခိုက်ရန် ကားခေါ်မိုးပေါ် တွယ်တက်လိုက်ကြတယ်။

ချီယွိရဲ့မိုးကြိုးစွမ်းရည်က အားလုံးထဲမှာ စွမ်းအားအကြီးဆုံးပဲ။ ဒီကမ္ဘာကိုရောက်ပြီးကတည်းက ချီယွိကသူ့ရဲ့စွမ်းရည်ကို တချိန်လုံးလေ့ကျင့်နေခဲ့တယ်။ လမ်းတစ်လျှောက် အတွေ့အကြုံတွေနဲ့ပေါင်းလိုက်တော့ ချီယွီလည်း အတော်အသင့်ကျွမ်းကျင်နေချေပြီ။

ချီယွိကားပေါ်ရောက်သွားတာနဲ့ နားအူသွားလောက်တဲ့ မိုးခြိမ်းသံကြီးကို လူတိုင်းကြားလိုက်ကြရတယ်။ ကြီးမားပြင်းထန်သည့် မိုးကြိုးလျှပ်စီးများက ကောင်းကင်ထက်မှဇွန်ဘီတွေကြားသို့ ကျဆင်းလာခဲ့တော့၏။ မီးကျွမ်းနေတဲ့အနံ့တွေက လေထဲမှာပျံ့လွင့်လာခဲ့ပြီး ဇွန်ဘီတော်တော်များများ လဲကျကုန်တော့တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now