3.20

1K 132 14
                                    

Unicode

ချီယွိက ဆုရှုကို အေးစက်စက်မျက်နှာထားဖြင့် စိုက်ကြည့်လိုက်တယ်.. မသိမသာ သတိပေးနေရင်းပေါ့.. ဆုရှုကလည်း ချီယွိကို တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြုံးပြလိုက်တယ်.. သူ့မျက်ဝန်းတွေက စိတ်မလုံတဲ့အရိပ်အယောင်မျိုး လုံးဝမရှိခဲ့ဘူး..

နဉ်မုန့်ကတော့ သူတို့နှစ်ယောက်ကြားက အမှောင်ထုကြီးကို သတိမထားမိခဲ့ဘူး.. ချီယွိကိုမြင်လိုက်တာနဲ့ နဉ်မုန့်ရဲ့မျက်လုံးတွေက ချီယွိအပေါ်မှာပဲ.. သူမရဲ့ခန္ဓာကိုယ်ကလည်း သူ့အနားကို တိုးတပ်သွားခဲ့တယ်..

နဉ်မုန့်လေးက ကြက်မေမေကြီးပြန်ရောက်လာလို့ ပျော်ရွှင်နေတဲ့ကြက်သားပေါက်လေးလိုပဲ.. ချီယွိရဲ့လက်မောင်းကြားကို ခုန်ဝင်သွားလိုက်တော့ ချီယွီကလည်း ထုံးစံအတိုင်း သူမ​လေးကို အသင့်ပွေ့ဖက်ထားလိုက်တယ်..

“ကိုကို.. ဘယ်ကြောင့်မြန်မြန်ပြန်ရောက်လာတာလဲ..?” နဉ်မုန့်က ခေါင်းလေးမော့ပြီးမေးလိုက်တယ်..

ချီယွိက သူမကိုငုံ့ကြည့်လိုက်တယ်.. သူ့မျက်ဝန်းထဲကအေးစက်မှုတွေက အရိပ်အယောင်တောင်မကျန်ခဲ့လောက်အောင် လွင့်ပျယ်သွားခဲ့ချေပြီ.. ဒါပေမဲ့ သူ့မျက်ဝန်းတွေက တောက်ပနက်ရှိုင်းနေဆဲပဲ..

“ကိုကို့ကို မြန်မြန်ပြန်မလာစေချင်လို့လား..?”

“မဟုတ်ပါဘူး.. အစ်ကိုဆုရှုကပြောတယ်.. ညဘက်ဆိုအန္တရာယ်များတယ်တဲ့.. ကိုကိုနောက်ကျမှပြန်လာရင် လိုက်ရှာမလို့လေ..”

နဉ်မုန့်တစ်ယောက် သူမရဲ့စကားတွေက ချီယွိရဲ့စိတ်ကိုဆွလိုက်မိမှန်း မသိလိုက်ရှာဘူး.. ရလဒ်ကတော့ သူမရဲ့စကားဆုံးတာနဲ့ ချီယွိရဲ့မျက်နှာက မည်းမှောင်သွားတော့တာပဲ.. သူ့မျက်လုံးတွေက ရုတ်တရက်ဆိုသလို အေးစက်သွားခဲ့ပြီး နဉ်မုန့်ကိုဆွဲခေါ်ကာ တောအုပ်ထဲကို လျှောက်သွားတော့တယ်..

သိသိသာသာပဲ ချီယွိ,စိတ်မကြည်တော့ဘူး.. ဘေးနားမှာရပ်နေခဲ့တဲ့ဆုရှုလည်း ချီယွိရဲ့အမှောင်ထုကို ခံစားမိလိုက်တယ်.. အရာရာတိုင်းကို ဖျက်ဆီးပစ်တော့မလိုပဲ..

ဆုရှုကတော့ ကျွင်းလင်းမော့ရဲ့လက်ထဲမှာ ကျွင်းနင်လေးထိခိုက်သွားမှာကို စိုးရိမ်နေခဲ့တယ်.. ဒါပေမဲ့ သူ,စကားပြောဖို့ပြင်လိုက်တဲ့အချိန် ကျွင်းလင်းမော့က သူ့ကိုဖြတ်ကျော်သွားခဲ့ပြီ.. ကျွင်းနင်ရဲ့လက်ကိုဆွဲသွားရင်း သူ့ကိုအေးစက်စက် တစ်ချက်ကြည့်သွားခဲ့တယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now