3.64

1.3K 121 2
                                    

Unicode

ချီယွိနဲ့နဉ်မုန့်တို့လည်း ဆုရှုတို့ရှိရာ ပြန်သွားလိုက်ကြတယ်။

လူတိုင်းက ကားဘေးနားမှာ သွေးကွက်နဲ့ဓားတစ်ချောင်းကို မြင်တွေ့ခဲ့ရတာဆိုတော့ နဉ်မုန့်လေးကို အရမ်းစိတ်ပူနေခဲ့ကြတယ်။ နဉ်မုန့်လည်း ပြန်ရောက်လာရော ဆုရှု၊ မော့ရှုန်းနဲ့ တပ်ဖွဲ့ဝင်တွေက နဉ်မုန့်ကို ပွေ့ဖက်ကြတော့တယ်။

ထိုအချိန်တုန်းက ချီယွိက ချီခယ့်ကိုခေါ်ပြီး အမြန်ထွက်ခွာသွားကြတော့ သူတို့တွေလည်း လိုက်မမှီခဲ့ဘူး။ အဲ့တာကြောင့် အနီးပတ်ဝန်းကျင်မှာပဲ လက်လှမ်းမှီသလောက် လိုက်ရှာခဲ့ကြရတယ်။ အခု နှစ်ယောက်လုံးပြန်လာတာကို တွေ့လိုက်ရတော့မှ တပ်ဖွဲ့ဝင်တွေလည်း စိတ်သက်သာရာ ရသွားကြတော့တယ်။

Dr.ကျန်းနဲ့ချီခယ့်ကို ဘယ်သူမှ စိတ်မဝင်စားကြဘူး။

တကယ်ဆိုရင် သူတို့နှစ်ယောက်ကို ချီယွိကလွဲရင် ဘယ်သူမှသံသယမဝင်ခဲ့ကြဘူး။ Dr.ကျန်းက နဉ်မုန့်ကိုဖမ်းဆီးသွားပြီး ချီယွိက ချီခယ့်ကို ဆွဲခေါ်သွားမှသာ သူတို့တွေအားလုံး နားလည်သွားကြတာ။

ပြန်ရောက်လာတဲ့အချိန် ချီယွိက ဘာမှမပြောတော့ သူတို့လည်း ဘာမှမမေးကြတော့ဘူး။

နဉ်မုန့်ကို ချီယွိသွားကယ်နေတဲ့အချိန် တပ်ဖွဲ့ဝင်တွေက နောက်မှာကျန်ရစ်ခဲ့တဲ့အရာအားလုံးကို ရှင်းလင်းပြီးခဲ့ချေပြီ။ အဆင့်မြင့်ဇွန်ဘီအလောင်းတွေကို မီးရှို့ဖျက်ဆီးလိုက်ပြီး ကားပေါ်မှာစွန်းကျန်ခဲ့တဲ့ Dr.ကျန်းရဲ့သွေးကွက်တွေကိုတောင် ရေစွမ်းအားအင်တွေရဲ့ အကူအညီဖြင့် သန့်စင်ထားကြလေရဲ့။

ချီယွိတို့ပြန်ရောက်တာနဲ့ လူတိုင်းကားပေါ်တက်လိုက်ကြပြီး အိမ်အပြန်ခရီးကို စတင်လိုက်ကြတော့တယ်။

ကားပေါ်ရောက်မှ ဆုရှုက နဉ်မုန့်ရဲ့အင်္ကျီအစကို အသာဆွဲလိုက်ပြီး မေးလာခဲ့တယ်။

“ချီခယ့်ဘယ်မှာလဲဟင်..?”

“သူထွက်သွားပြီ.. သူဘယ်သွားလဲဆိုတာ ကျွန်မလည်းမသိဘူး..”

နဉ်မုန့်လည်း စိတ်ပျက်လက်ပျက် ပြန်ဖြေလိုက်တယ်။ တကယ်တော့ ချီခယ့်ကို ခေါ်ဖို့ကြိုးစားခဲ့သေးတယ်။ ဇွန်ဘီဘုရင်ဖြစ်နေလည်း ချီခယ့်က ချီခယ့်ပဲလေ။ Dr.ကျန်းရဲ့ စမ်းသပ်ခံဖြစ်နေလည်း ကိစ္စမရှိဘူး။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now