3.44

822 144 12
                                    

Unicode

Dr.ကျန်းရဲ့ပုံစံက အလွန်အမင်း အံ့အားသင့်သွားသည့်ဟန်။ သူ့ရဲ့စကားက မေးမြန်နေသလိုဖြစ်နေပေမယ့် လေသံကတော့ အလွန်အမင်း သေချာနေခဲ့၏။ သူ့ရဲ့အပြုအမူကြောင့် ဆုရှုလည်း စိတ်ဝင်စားသွားပြီး..

“ဒေါက်တာ.. ခင်ဗျားပြောတဲ့လေသံအရ ဇွန်ဘီဘုရင်ကို မြင်ဖူးတဲ့ပုံပဲ..?”

Dr.ကျန်းက တခနမျှတောင့်ခဲသွားခဲ့ပြီးမှ သက်ပြင်းချလိုက်ကာ ပြောပြလာခဲ့တယ်။

“ဒီကိစ္စတွေကို မပြောပြချင်ပေမယ့် ပြိုင်ဘက်ကင်းဆေးရည်ကြည်ကိုလည်း သုတေသနပြုနိုင်ခဲ့ပြီဆိုတော့ အမှန်အတိုင်း ပြောပြပါ့မယ်.. တကယ်တော့ ကမ္ဘာပျက်ကပ်စတင်ကတည်းက ဇွန်ဘီဘုရင်ကို ငါတို့ခေါင်းဆောင်က ဓာတ်ခွဲခန်းထဲမှာ ဖမ်းဆီးထားခဲ့တာ..”

“ကမ္ဘာပျက်ကပ်စတင်ကတည်းက..? ဒီလောက်ကြာနေပြီ.. ကျွန်တော်တို့ ဘာလို့မသိခဲ့တာပါလိမ့်..!”

ဆုရှုက အံ့ဩတကြီး မေးမြန်းလိုက်သည်။ ဇွန်ဘီဘုရင်အဖမ်းခံရတဲ့ကိစ္စက မျက်မှောက်ခေတ်မှာတော့ သတင်းထူးပဲ။ ဒီလောက်နှစ်တွေ ကြာမြင့်ခဲ့တာတောင် Star Base က သတင်းမပေါက်ကြားအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ အရိပ်အမြွက်လေးတောင်မှ မကြားဖူးခဲ့ဘူး။

တကယ်လို့ ဇွန်ဘီဘုရင်သာ တကယ်အဖမ်းခံခဲ့ရတာဆိုရင် ဒီနှစ်တွေအတွင်း ကြားခဲ့ရသမျှပုံပြင်တွေက အမှားဆိုတာ သေချာသွားခဲ့ပြီ။ ကမ္ဘာပျက်ကပ်စတင်ကတည်းက ခုနစ်နှစ်ကြာမြင့်ခဲ့သည့်တိုင်အောင် ဘယ်သူမှ ဇွန်ဘီဘုရင်ကို မမြင်ခဲ့ဖူးဘူးလေ။ ဇွန်ဘီဘုရင်က ဒဏ္ဍာရီလိုတည်ရှိမှုမျိုးပဲ။

Dr.ကျန်းက ခေါင်းငုံသွားတာကြောင့် သူ့ဘာတွေတွေးနေသလဲဆိုတာကို ဘယ်သူမှ မခန့်မှန်းနိုင်ခဲ့ဘူး။

“ဇွန်ဘီဘုရင်က သူများတွေနဲ့မတူဘူး။ ကမ္ဘာပျက်ကပ်စတင်တုန်းက သူလည်းပဲ တခြားလူတွေလို သန္ဓေပြောင်းလာခဲ့တယ်။ ဇွန်ဘီဆိုပေမယ့် ဇွန်ဘီနဲ့လုံးဝမတူဘူး။ သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ အပုပ်နံ့မရှိဘူး။ လူသားအသွင်အတိုင်းပဲ။ ပြီးတော့ လူသားတွေအတိုင်း တွေးတောနိုင်တယ်။ တစ်ခုပဲ..! သူ့ရဲ့ခန္ဓာကိုယ်က အရမ်းဖြူဖျော့ချောမွေ့နေပြီး သွေးကြောတွေကို အတိုင်းသားမြင်နေရတယ်။ သူ့ရဲ့မျက်ဝန်းတွေက အနီရောင်သမ်းနေတယ်..”

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now