3.6

1.2K 138 28
                                    

Unicode

နဉ်မုန့်ရဲ့မှတ်ဉာဏ်အရဆို ကိတ်တွေက ကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းကတည်းက လူကြိုက်များတယ်.. ဈေးမကြီးသလို အရသာကလည်း ချိုမြန်နေတော့ နာမည်ကြီးတာပေါ့.. ကလေးတွေသာမက လူကြီးတွေပါ ကြိုက်နှစ်သက်ကျတယ်.. ဒါပေမဲ့ ကမ္ဘာပျက်ကပ်စတင်ပြီးနောက်မှာ အစားအစာတွေက တန်ဖိုးကြီးလာခဲ့တယ်.. ကိတ်တွေလည်း အရမ်းရှားပါးလာခဲ့တယ်..

ကံကောင်းချင်တော့ သူမနဲ့ချီယွီ ဒီကမ္ဘာကိုရောက်လာတဲ့အချိန်က ကမ္ဘာပျက်ကပ်စတင်ပြီး ၇ နှစ်တောင် ကြာမြင့်ခဲ့ချေပြီ.. တကယ်လို့ ၂ နှစ် သို့မဟုတ် ၃ နှစ်အတွင်း ဒီကမ္ဘာကိုရောက်လာခဲ့ရင် ကိတ်မပြောနဲ့.. ကိတ်ရဲ့ဘူးခွံတောင် မြင်ရမှာမဟုတ်ဘူး..

နဉ်မုန့်လည်း ကိတ်ကို ဇွန်းအပြည့်ခပ်ယူလိုက်ပြီး သူမရဲ့ပါးစပ်ထဲကို ထည့်လိုက်တယ်.. နူးညံ့တဲ့အထိအတွေ့က သူမရဲ့ခံတွင်းထဲမှာ ပျော်ဆင်းသွားသလိုပဲ..

ရုတ်တရက်.. နဉ်မုန့်ရဲ့နောက်ကနေ အသံတစ်ခုထွက်ပေါ်လာခဲ့တယ်..

“ကျွင်းနင်… နင့်အစ်ကို လင်းမော့ဘယ်မှာလဲ?”

အနည်းငယ်အထက်စီးဆန်တဲ့ မိန်းကလေးအသံတစ်ခုက နဉ်မုန့်ရဲ့နောက်ကျောကနေ ပေါ်ထွက်လာခဲ့တယ်..

နဉ်မုန့်လည်း အနောက်လှည့်ပြီး ကြည့်လိုက်တယ်.. တွေ့လိုက်ရတာတော့ တောက်ပတဲ့အပြာရောင်ပွဲတက်ဝတ်စုံကို ဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ဦး.. သူမရဲ့ဦးခေါင်းထက်မှာ သရဖူဆောင်းထားပြီး တော်ဝင်ဆန်ဆန် လှေကားထက်ကနေ ဆင်းလာလေရဲ့..

မိန်းကလေးက ငယ်ရွယ်ပြီး အသက် ၁၈ ဒါမှမဟုတ် ၁၉ နှစ်လောက်ပဲရှိဦးမယ်.. သိမ်မွေ့လှပပေမယ့် သူမရဲ့မျက်နှာထက်က အထက်စီးဆန်တဲ့အကြည့်ကြောင့် ကတ်သပ်၊ ရန်လိုတတ်မယ့်ပုံပဲ..

ကျွင်းနင်ရဲ့မှတ်ဉာဏ်တွေအရ သူမဘယ်သူဆိုတာကို နဥ်မုန့်,သိလိုက်တယ်..

တန်ချင်းချင်း.. ကျွင်းမေမေဘက်က ဆွေမျိုးတစ်ယောက်ပဲ.. သူမငယ်စဉ်ကတည်းက ကျွင်းအိမ်တော်ကို မကြာခန လာကစားတတ်တယ်.. ကမ္ဘာပျက်ကပ်စတင်တော့ တန်ချင်းချင်းရဲ့မိဘတွေက ဇွန်ဘီအဖြစ်ပြောင်းလဲသွားခဲ့တာကြောင့် ကျွင်းသခင်မက သူမကိုအနားခေါ်ထားခဲ့တယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now