3.7

1.1K 123 7
                                    

Unicode

နဉ်မုန့်လည်း ခေါင်းမော့လိုက်ပြီး တန်ချင်းချင်းကို ထူးဆန်းသလိုအကြည့်မျိုးဖြင့် ကြည့်လိုက်သည်..

နဉ်မုန့်ပြောပြတော့မယ်လို့ တန်ချင်းချင်း,ထင်လိုက်သည့်အချိန် နဉ်မုန့်က ရုတ်ချည်းလျှာထုတ်ကာ ပြောင်ပြလိုက်ပြီး တက်ကြွနေသည့်အမူအယာဖြင့်..

“ငါနင့်ကို မပြောပြပါဘူး..!!”

“ကျွင်းနင်..!” နဉ်မုန့်ရဲ့တုံ့ပြန်မှုကြောင့် တန်ချင်းချင်း‌လည်း ပေါက်ကွဲသွားပြီး အော်ဟစ်လာခဲ့တယ်..

ဒါပေမဲ့ စေ့စပ်တဲ့တန်ချင်းချင်းက အစေခံတွေရှိနေသေးတာကြောင့် အသံနှိမ့်ပြီး ဖိပြောလိုက်တယ်..

“ငါ့ကိုလာမခေါ်နဲ့.. ငါနင့်ကို အဖက်လုပ်မှာမဟုတ်ဘူး..”

နဉ်မုန့်က ထူးမခြားနားတဲ့လေသံလေးနဲ့ ပြန်ပြောလိုက်တယ်.. ပြီးနောက် ကိတ်လေးကို ဇွန်းအပြည့်ခပ်ယူလိုက်ပြီး သူမရဲ့ပါးစပ်ထဲကို ထည့်လိုက်တယ်..

သူမက ရှက်တတ်၊ ကြောက်တတ်တဲ့ အရင်ကကျွင်းနင်လိုမျိုး မဟုတ်ပါဘူးနော်..

ကျွင်းနင်ရဲ့ ယခင်နဲ့မတူပြောင်းလဲနေတဲ့အပြုအမူကိုတွေ့လိုက်တော့ တန်ချင်းချင်း,မျက်မှောင်ကြုတ်မိသွားတယ်.. အရင်ကဆို ကျွင်းနင်က မွေးစားသမီးဆိုတော့ ပျော့ညံ့နှိမ်ချတတ်တဲ့အကျင့်မျိုးရှိတယ်.. အရမ်းကိုင်တွယ်ရလွယ်တဲ့စရိုက်မျိုးပေါ့..

တစ်ခုခုမေးလိုက်တာနဲ့ မေးသမျှကို ချက်ချင်းပြန်ဖြေတတ်တယ်..

အခုဘာဖြစ်နေတာပါလိမ့်..?

ဘယ်ကနေများ သူမကိုပြန်ပြောဖို့သတ္တိတွေ ရလာခဲ့တာလဲ?

အကျင့်စရိုက်ပြောင်းလဲသွားပေမယ့် သူမအရှေ့က,လူရဲ့အသွင်အပြင်က လုံးဝမပြောင်းလဲဘူး.. မဟုတ်ရင် ကျွင်းနင်မဟုတ်ဘူးလို့တောင် ထင်မိတော့မှာပဲ.. ဟမ့်.

ဒါပေမဲ့ ဖြစ်မှမဖြစ်နိုင်တာလေ…

တန်ချင်းချင်းက မျက်မှောင်ကြုတ်ပြီး အတော်ကြာအောင် တွေးတောနေခဲ့တယ်.. ပြီးတော့မှ နဉ်မုန့်အနားကပ်လာပြီး ခေါင်းကိုငုံ့ကာ လေသံနိမ့်နိမ့်ဖြင်...

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now