3.40

876 119 11
                                    

Unicode

သူမလေးက တခြားလူတွေရှေ့မှာ တက်တက်ကြွကြွနေတတ်ပေယ့် သူ့ရှေ့မှာတော့ ကွဲပြားခြားနားတယ်။ နဉ်မုန့်ရဲ့ဒီလိုပုံစံမျိုးကို တခြားလူတွေဘယ်တော့မှ မြင်ဖူးမှာမဟုတ်ဘူး။ ချီယွိက သူမရဲ့စကားဆုံးတဲ့အထိစောင့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်တယ်။

“ကောင်းပြီ.. မင်းမှန်တယ်.. ကိုယ်မင်းကို အနိုင်ကျင့်ခဲ့တယ်..”

ချီယွိရဲ့ဝန်ခံစကားကိုကြားတော့ နဉ်မုန့်လည်း ပျော်ရွှင်သွားခဲ့တယ်။ စိတ်လှုပ်ရှားမှုကြောင့် သူမရဲ့ပါးမို့မို့လေးက ပန်းနုရောင်သမ်းလာခဲ့တော့ ချီယွိတစ်ယောက် ဆွဲညှစ်ပစ်ချင်လွန်းလို့ အသည်းယားနေရောပဲ။

နဉ်မုန့်က ချီယွိကိုတောင်းပန်ခိုင်းဖို့ မစဉ်းစားခဲ့ဘူး။ အဲ့အစား ချီယွိရဲ့လည်ပင်းကိုဖက်တွယ်လိုက်ကာ ခြေဖျားထောက်လိုက်ပြီး ချီယွိရဲ့ပါးပြင်ကို နမ်းရှိုက်လိုက်၏။ ထို့နောက် အနည်းငယ်စိုးရိမ်နေသည့်လေသံမျိုးဖြင့်..

“Host.. နောက်တစ်ခေါက် ဒေါသမထွက်ပါနဲ့တော့နော်.. ဟုတ်ပြီလား..? ရှင်ကျွန်မကို အနိုင်ကျင့်ခဲ့ပေမယ့် ကျွန်မလည်း ဒေါသမထွက်ဘူးလေ..”

အဲ့တာကြောင့် ကျွန်မဆီကသင်ယူပြီး ဒေါသမထွက်ပါနဲ့တော့လား..?

ရုတ်တရက် အနမ်းခံလိုက်ရတဲ့ ချီယွိရဲ့မျက်နှာက မျက်မှောင်ကြုတ်သွားခဲ့ပြီး..

“ဘာလုပ်တာလဲ..?”

“ရှင့်ကို ချော့နေတာလေ..”

နဉ်မုန့်လည်း ပထမတစ်ခေါက်တုန်းက ဘာလုပ်လို့ဘာကိုင်ရမှန်းမသိခဲ့ဘူး။ ဒါပေမဲ့ ဆုရှုက သူမကိုပြောပြခဲ့တယ်။ သူမ Host ရဲ့နှလုံးသားထဲမှာ အချော့ခံချင်တဲ့ကလေးစိတ်လေး ရှိနေတယ်တဲ့လေ။ အဲ့တာကြောင့် ဒီနည်းလမ်းကိုသုံးဖို့ ဆုံးဖြတ်လိုက်တာပေါ့။

ဒါပေမဲ့ သူမ Host ရဲ့အမူအယာက ရုတ်တရက်ပြင်းထန်လာတာကြောင့် နဉ်မုန့်လည်းလန့်သွားပြီး ချီယွိရဲ့လည်ပင်းကနေ လက်ကိုပြန်ရုတ်သိမ်းဖို့လုပ်လိုက်တယ်။ သို့သော်ငြား ချီယွိက ခွင့်မပြုခဲ့ဘူး။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now