3.61

761 102 0
                                    

Unicode

“အသာတကြည်အဖမ်းခံရင် ငါ့ကိုမသတ်ဘူးမလား..?”

Dr.ကျန်းက ချီယွိကို မေးလိုက်တယ်။ ခက်ခက်ခဲခဲဖန်တီးခဲ့ရတဲ့ သူ့ရဲ့ကိုယ်ပွားကို ချီယွိနဲ့နဉ်မုန့်တို့နှစ်ယောက် ဒီလောက်မြန်အောင် ဖြေရှင်းနိုင်လိမ့်မယ်လို့ သူ,မထင်ထားခဲ့မိဘူး။

Dr.ကျန်းက ပြီးပြည့်စုံတဲ့ ဇွန်ဘီဘုရင်ဖန်တီးနိုင်အောင် တချိန်လုံး ကြိုးစားအားထုတ်ခဲ့ရတယ်။ ဒီရက်ပိုင်း သူအသုံးချနေခဲ့တဲ့ အဆင့်မြင့်ဇွန်ဘီတွေအားလုံးက ကျဆုံးသွားတဲ့စမ်းသပ်မှုတွေချည်းပဲ။ အခု သူ့ရဲ့ဇွန်ဘီတွေအကုန်လုံးကို ချီယွိတို့ရှင်းပစ်လိုက်ပြီးဆိုတော့ ပြီးပြည့်စုံတဲ့ ဇွန်ဘီဘုရင်ကို မဖန်တီးနိုင်ပဲ အဆုံးသတ်ရတော့မယ်။

Dr.ကျန်းက သုတေသနစမ်းသပ်ချက်တွေ အများကြီးလုပ်ခဲ့ပေမယ့် သူ့ကိုယ်သူတော့ ပြန်မစမ်းသပ်ခဲ့ဘူး။ မဟုတ်ရင် သူနဲ့ချွတ်စွတ်တူတဲ့ ကိုယ်ပွားတစ်ကောင်ကို ဖန်တီးခဲ့မှာမဟုတ်ဘူးလေ။ ကမ္ဘာပျက်ပြီးနောက်မှာ စွမ်းအင်နိုးထခဲ့ခြင်းမရှိတဲ့ Dr.ကျန်းအတွက် ချီယွိနဲ့နဉ်မုန့်ကို ရင်ဆိုင်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တော့ဘူး။

“ကောင်းပြီ..”

ချီယွိက ခေါင်းညိတ်ပြလိုက်ပြီး Dr.ကျန်းဘေးနားက ဇွန်ဘီတွေကို မေးငေါ့ပြလိုက်ကာ..

“သူတို့တွေကို ကိုယ့်ကိုယ်ကိုသတ်သေခိုင်းလိုက်..”

“ကောင်းပြီ..”

Dr.ကျန်းက လက်ခံလိုက်ပြီး သူ့အနားကဇွန်ဘီတွေကို အမိန့်ပေးလိုက်တယ်။ ဇွန်ဘီတွေကလည်း မျက်တောင်တစ်ချက်မခတ်ပဲ သူတို့တွေရဲ့ဦးနှောက်အမြုတေနေရာကို လက်သည်းတွေနဲ့ ထိုးသွင်းပစ်လိုက်တော့တယ်။

ထို့နောက် ဇွန်ဘီတွေအကုန်လုံး လဲကျသွားခဲ့တော့တယ်။

နဉ်မုန့်က ဇွန်ဘီတွေအနား လျှောက်သွားလိုက်ပြီး ထိုဇွန်ဘီတွေရဲ့ဦးနှောက်ထဲက အမြုတေတွေကို ထုတ်ယူလိုက်တော့တယ်။ အမြုတေတွေရှိနေသေးသရွေ့ ဇွန်ဘီတွေသေသွားပြီဆိုတာကို နဉ်မုန့်ကတော့ လုံးဝမယုံနိုင်ဘူး။ အမြုတေတွေကို သူမရဲ့Space ထဲထည့်လိုက်ပြီး Dr.ကျန်းကို လှမ်းမေးလိုက်တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now