3.34

883 122 10
                                    

Unicode

တန်ချင်းချင်းကလည်း လမ်းတစ်လျှောက်လုံး အခွင့်အရေးစောင့်နေခဲ့တာ။ ခရီးမထွက်ခင်တုန်းကတော့ ကျွင်းလင်းမော့ကိုချဉ်းကပ်နိုင်မယ့် အကောင်းဆုံးအခွင့်အရေးဆိုပြီး ပျော်ရွှင်နေခဲ့ရပေမယ့် ကျွင်းနင်က ဒီလောက်အရှက်မဲ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ သူမထက်အရင်ဦးပြီး ကျွင်းလင်းမော့ကို ဆွဲဆောင်သွားခဲ့တယ်လေ။

တန်ချင်းချင်းတစ်ယောက် ထိုအချက်ကို မကျေမချမ်းဖြစ်နေလေရဲ့။

ချီယွိနဲ့နဉ်မုန့်တို့ကိုကြည့်ပြီး မကျေမနပ်ဖြစ်နေခဲ့တဲ့တန်ချင်းချင်းက နဉ်မုန့်ကိုရှင်းထုတ်ပစ်ဖို့ အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့စောင့်နေခဲ့တယ်။ အခုတော့ အကြာကြီးစောင့်နေခဲ့ရတဲ့အခွင့်အရေးက သူမရှေ့ကို ရောက်ရှိလာခဲ့ပြီ။ ထို့နောက် ဇွန်ဘီတွေကို အားကြိုးမာန်တက်တိုက်ခိုက်နေတဲ့ နဉ်မုန့်ရဲ့အနားကို တန်ချင်းချင်းက ဖြည်းဖြည်းချင်း ချဉ်းကပ်သွားလိုက်တယ်။

နဉ်မုန့်ရဲ့စွမ်းရည်က ရေနဲ့ရေခဲဆိုတော့ ရေစွမ်းအင်က ဇွန်ဘီတွေကိုတိုက်ခိုက်တဲ့နေရာမှာ သိပြီးအသုံးမဝင်ဘူး။ ဒါပေမဲ့ ရေခဲစွမ်းရည်ကတော့ သိပ်မဆိုးဘူး။ နဉ်မုန့်က သူမရဲ့စွမ်းရည်ကိုထိန်းချုပ်ပြီး မရေမတွက်နိုင်တဲ့ရေခဲချွန်တွေကို ဇွန်ဘီတွေရှိရာ ပစ်လွှတ်လိုက်တယ်။ ရေခဲချွန်တွေက ဇွန်ဘီတွေရဲ့ခန္ဓာကိုယ်နဲ့ ဦးနှောက်ထဲကိုထိုးစိုက်သွားတော့ ဇွန်ဘီတွေလည်း မြေပြင်ပေါ်ကို လဲကျသေဆုံးသွားတော့တယ်။

နဉ်မုန့်ရဲ့စွမ်းရည်က သိပ်ပြီးမသန်မာပေမယ့် စွမ်းအားရှင်တွေထဲမှာတော့ ထူးချွန်တယ်လို့ပြောလို့ရတယ်။ သူမလေးကိုကာကွယ်ပေးနေတဲ့ တပ်ဖွဲ့ဝင်နှစ်ယောက်လည်း သူမလေးရဲ့စွမ်းရည်ကိုကြည့်ပြီး အထင်ကြီးလေးစားနေကြရောပဲ။

ဒါပေမဲ့ ဇွန်ဘီတွေကပိုများလာတော့ နဉ်မုန့်ကိုစောင့်ရှောက်ပေးနေတဲ့နှစ်ယောက်လည်း တစ်နေရာစီဖြစ်သွားကြတော့တယ်။ နဉ်မုန့်လည်း ဇွန်ဘီတွေကိုတိုက်ခိုက်နေရင်း သူမကယ်တင်ခဲ့တဲ့ကောင်လေးကိုလည်း ဂရုစိုက်ပေးနေခဲ့ရသေးတယ်။ ကောင်လေးက ကားထဲကနေထွက်လာပေမယ့် မလှုပ်မယှက်မတ်တပ်ရပ်နေလေရဲ့။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now