3.48

801 107 4
                                    

Unicode

ကင်းသမားက နှစ်ယောက်တည်းရှိပေမယ့် သူတို့ကိုတိုက်ခိုက်နေတဲ့ရန်သူတွေက အများကြီးပဲ။

ချီယွိက သူတို့တွေကိုကူညီပေးဖို့ အမြန်ပြေးသွားလိုက်တယ်။ ဒါပေမဲ့ ထိုလူတွေအပြင် များပြားလှတဲ့ပုံရိပ်တွေက တောအုပ်လေးထဲကနေ သူတို့စခန်းချထားတဲ့ နေရာအနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်လာတာကြောင့် ချီယွိလည်း ထိုနေရာကို အမြန်ပြေးသွားရတော့တယ်။

ထိုပုံရိပ်တွေရဲ့ ရှည်လျားတဲ့အရပ်ကြောင့်သာမဟုတ်ရင် ချီယွိလည်း သူတို့ကို သတိထားမိမှာမဟုတ်ဘူး။

ရှည်ရှည်မျောမျောပုံရိပ်တွေ။ ညအမှောင်ကို အခွင့်ကောင်းယူပြီး တရွေ့ရွေ့လှုပ်ရှားနေကြလေရဲ့။ အဝေးကလှမ်းကြည့်ရင် လူတွေလို့ထင်ရပေမယ့် အနီးကပ်လာတော့မှ နီရဲနေတဲ့မျက်လုံးတွေ၊ စူးရှပုပ်ဟောင်နေတဲ့အနံ့တွေက လူသားမဟုတ်မှန်း ပြောပြနေခဲ့တယ်။ သူတို့တွေအားလုံးက သန္ဓေပြောင်းဇွန်ဘီတွေပဲ..!

သန္ဓေပြောင်းဇွန်ဘီတွေက လူသားအနံ့ကို အာရုံခံမိသွားတော ချီယွိရဲ့အနားကို ရုတ်ချည်းချဉ်းကပ်လာကြတော့တယ်။ သူတို့တွေရဲ့အရပ်က 1.9 m ( ၆ ပေ ၃ လက်မ)ခန့်အထိ ရှည်လျားကြပြီး နီရဲတဲ့မျက်ဝန်းတွေက သွားရည်တမြားမြားဖြင့် ချီယွိကို စားသောက်ဖွယ်ရာတစ်ခုလို ငေးကြည့်လာကြတယ်။

ချီယွိလည်း စကားများမနေတော့ပဲ မိုးကြိုးစွမ်းရည်ကို ထုတ်သုံးလိုက်တယ်။

သန္ဓေပြောင်းဇွန်ဘီတွေက မထင်မှတ်ထားလောက်အောင် မြန်ဆန်ကြပြီး သူတို့ရဲ့ခုခံနိုင်စွမ်းကလည်း အတော်လေး မြင့်မားကြတယ်။ ချီယွိရဲ့မိုးကြိုးတွေက သူတို့အပေါ်မှာ သက်ရောက်မှုမရှိခဲ့ဘူး။ သူတို့တွေကလည်း ကိုယ်ပိုင်စွမ်းအင်တွေနိုးထနေကြပြီး မီး၊ ရေ၊ လေ စွမ်းအားတွေနဲ့ ချီယွိကို ပြန်လည်တိုက်ခိုက်ကြလေရဲ့။

ချီယွိက သွက်လက်စွာရှောင်ရှားလိုက်ပြီး သူတို့တွေကို တောအုပ်ထဲ မျှားခေါ်သွားလိုက်တယ်။

တခနကြာတော့ ဆုရှု၊ မော့ရှုန်းတို့နဲ့အတူ တပ်ဖွဲ့ဝင်တွေလည်း ရောက်ရှိလာခဲ့ကြတယ်။ အခြေအနေတွေကို အကဲခတ်မိလိုက်တော့ နှစ်ဖွဲ့ခွဲလိုက်ပြီး ပထမတစ်ဖွဲ့က ကင်းသမားတွေကို သွားကူညီလိုက်တယ်။ နောက်တစ်ဖွဲ့က ချီယွိကိုကူညီပေးဖို့ အပြေးသွားကြလိုက်တယ်။

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now