3.63

869 103 4
                                    

Unicode

ရလဒ်အနေနဲ့တော့ Dr.ကျန်းခမျာ ခြေလက်တွေကျိုးသွားတဲ့အထိ ချီယွိရဲ့အကန်ခံလိုက်ရတော့တယ်။ ခြေထောက်တစ်ဖက်သာ အကောင်းအတိုင်း ကျန်ရစ်ခဲ့တော့တယ်။

မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး သူ့ရဲ့ခန္ဓာကိုယ်က အကြောက်တရားကြောင့် တုန်လှုပ်နေသလို အဆက်မပြတ် ညည်းညူနေလေရဲ့။ သူ့ရဲ့မျက်ဝန်းထဲမှာ အသနားခံ၊ တောင်းဆိုခြင်းတွေ ပြည့်နှက်နေတော့တယ်။

သူတောင်းဆိုချင်တာက သူ့ကိုနှိပ်စက်မနေပဲ တစ်ခါတည်းသတ်ပစ်လိုက်ရန်သာ။

ဒါပေမဲ့ ချီယွိက သူ့ရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အစီအစဉ်မရှိဘူး။ လမ်းလျှောက်လို့မရတော့တဲ့ Dr.ကျန်းကို ပစ်ထားခဲ့လိုက်ပြီး နဉ်မုန့်ကိုခေါ်ကာ ထွက်ခွာလာခဲ့လိုက်တော့တယ်။

နဉ်မုန့်လည်း သူတို့နှစ်ယောက်ရဲ့ Mission အောင်မြင်သွားတာကြောင့် ပျော်ရွှင်နေတော့၏။ ဒါပေမဲ့ တစ်ချို့အကြောင်းအရာတွေကို ခုထိနားမလည်သေးဘူး။

“Host.. ဇွန်ဘီဘုရင်က ဘယ်လိုလုပ်ချီခယ့်ဖြစ်နေတာလဲ..? Dr.ကျန်းက ရှင့်ကို ဇွန်ဘီဘုရင်ဖြစ်စေချင်ခဲ့တာလေ..”

“ခန့်မှန်းကြည့်လိုက်တာ..”

ချီယွိက သူမရဲ့ခေါင်းကို ပွတ်သပ်လိုက်ပြီး ပြန်ဖြေလိုက်တယ်။

“Host က အရမ်းတော်တာပဲ..!”

ဒီတိုင်းခန့်မှန်းလိုက်တာတောင် မှန်နေရောပဲ..!

နဉ်မုန့်ရဲ့မျက်ဝန်းတွေက ကြယ်ပွင့်လေးတွေလို တောက်ပနေခဲ့ပြီး သူမရဲ့ Host ကို အလွန်အမင်း လေးစားနေတော့တယ်။ ချီယွိက ပြုံလိုက်ပေမယ့် ပြန်မဖြေခဲ့ဘူး။

တကယ်တော့ ချီခယ့်ပေါ်လာကတည်းက သူ့ရဲ့ဘဝအမှန်ကို ချီယွိသံသယဖြစ်နေခဲ့တာ။ ပြီးတော့ သက်ရှိလူသားတွေကို ထည့်လို့ရတဲ့ Space မျိုး ဒီကမ္ဘာမှာရှိလားတော့ မသိပေမယ့် နဉ်မုန့်ရဲ့ Space ကတော့ သက်ရှိတွေထည့်လို့မရတာ သေချာတယ်။

အသက်ရှင်နေသရွေ့ အသက်ရှူနေရဦးမှာပဲ။ နဉ်မုန့်ရဲ့ Space ထဲမှာ သစ်ပင်မှမရှိတာ၊ လူတွေအသက်ရှင်နိုင်ဖို့ အောက်စီဂျင်ကို ဘယ်နားကရမှာလဲ..?

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now