3.22

1.1K 147 10
                                    

Unicode

ချီယွိက အတွေးတွေကြားမှာနစ်မြုပ်နေခဲ့သလို နဉ်မုန့်ကလည်း ခပ်ယဲ့ယဲ့ငိုရှိုက်နေခဲ့တယ်.. ချီယွိလည်း နဉ်မုန့်လေးကိုပွေ့ချီရင်း ပုံမှန်ခြေလှမ်းအတိုင်း တောအုပ်ထဲမှ ထွက်လာခဲ့လိုက်တယ်..

လက်မောင်းကြားထဲကနဉ်မုန့်လေးက သူ့Host ရဲ့နွေးထွေးမှုကြားမှာ သက်သောင့်သက်သာနေရင်း ချီယွိရဲ့လည်ပင်းကို ရုတ်တရက် သိုင်းဖက်လိုက်တယ်.. ချီယွိရဲ့လက်မောင်းကြားမှာ နစ်မြုပ်နေရင်း ကျေနပ်နေသလိုပင်...

နဉ်မုန့်ရဲ့လှုပ်ရှားမှုကြောင့် ချီယွိလည်း တခနမျှ တောင့်ခဲသွားရတယ်.. အတော်ကြာမှ လမ်းဆက်လျှောက်ရင်း အမှုမထားသလိုလေသံမျိုးဖြင့်..

“ဘာဖြစ်လို့လဲ..?”

“ဘာမှမဖြစ်ပါဘူး..”

နဉ်မုန့်က ခေါင်းခါလိုက်ပြီး ချီယွိရဲ့လက်မောင်းကြားထဲ ခေါင်းအပ်ထားလိုက်တယ်.. နဉ်မုန့်ရဲ့နှလုံးသားထဲမှာတော့ Host ရဲ့လက်မောင်းက အနွေးထွေးဆုံးနေရာတစ်ခုပဲ.. ချီယွိနဲ့ထိတွေ့လိုက်တိုင်း သူမကိုယ်သူမ အမှန်တကယ်ဖြစ်တည်မှုလို၊ သက်ရှိတစ်ယောက်လို ခံစားရတယ်လေ...

သူတို့နှစ်ယောက် စခန်းပြန်ရောက်တဲ့အချိန် ကျန်းလီနဲ့အဖွဲ့က ရွက်ဖျင်တဲတွေ ဆောက်လုပ်ပြီးနေခဲ့ပြီ။ မော့ရှုန်းရဲ့အဖွဲ့ကလည်း အစားအသောက်တွေပြင်ဆင်ထားပြီး သူတို့နှစ်ယောက်ကို စောင့်ဆိုင်းနေလေရဲ့..

မော့ရှုန်းက စိတ်သိပ်ရှည်တာမဟုတ်ဘူး။ ချီယွိပျောက်သွားမှန်းသိလိုက်တာနဲ့ လက်နက်ကိုင်ပြီး လိုက်ရှာဖို့လုပ်တော့တာပဲ။ ဒါပေမဲ့ ဆုရှုက အတင်းဆွဲထားတော့ လိုက်မရှာဖြစ်ခဲ့ဘူး...

တောထဲကထွက်လာတဲ့ လူနှစ်ယောက်ကိုတွေ့လိုက်တာနဲ့ တစ်စုံတစ်ယောက်က စိတ်အားထက်သန်စွာ ထအော်လိုက်တယ်...

“ခေါင်းဆောင်.. သူတို့ထွက်လာကြပြီ..!”

လူတိုင်းရဲ့အကြည့်တွေက ချီယွိနဲ့နဉ်မုန့်အပေါ်သို့..

နဉ်မုန့်ကိုပွေ့ချီထားတဲ့ ချီယွိရဲ့ပုံစံက အတော်လေး ကို့ရို့ကားရားဖြစ်နေခဲ့တယ်.. ဘယ်သူက စလိုက်တဲ့အသံမှန်းမသိလိုက် “Oh……” ဆိုတဲ့အသံနှင့်အတူ လူတိုင်းရဲ့မျက်နှာပေါ်မှာ ဒွိဟဖြစ်နေတဲ့အရိပ်အယောင်များ ထိန်းမရအောင် ထွက်ပေါ်လာခဲ့တော့တယ်..

နတ်ဘုရားအဆင့် Host ၏ အချစ်တော် System ( Arc - 3 )Where stories live. Discover now